ရောဘတ်ဒီနီရိုး တွဲဖက် သရုပ်ဆောင်ချင်ဆုံး မင်းသမီး

alt

မင်းသားကြီး ရောဘတ်ဒီနီရိုး က ၎င်း၏ စိတ်ထဲတွင် တွဲဖက် သရုပ်ဆောင် ချင်ဆုံး မင်းသမီးမှာ အိန်ဂျယ်လီနာ ဂျိုလီ ပင်ဖြစ်ကြောင်း ၀န်ခံ ပြောကြား လိုက်သည်။

အသက် (၆၆)နှစ် ရှိပြီဖြစ်သည့် မင်းသားကြီး က EXTRA နှင့် အင်တာဗျူး အစီအစဉ် အတွင်း အသက် (၃၄)နှစ်ရှိ ဂျိုလီနှင့် အလုပ် တွဲလုပ် ရသည်ကို အလွန်နှစ်သက် ပျော်ရွှင် မိကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

မိမိဘဝတွင် အံ့ဩစရာ ကောင်းသော၊ ထူးချွန်သော မင်းသမီးပေါင်း မြောက်မြားစွာနှင့် အလုပ်အတူ တွဲလုပ်ဖူးကြောင်း၊ ထိုထဲတွင် ဂျိုလီက နံပါတ်တစ် နေရာမှ ရပ်တည်နေကြောင်း ဒီနီရိုး က ဆိုသည်။

ဒီနီရိုးနှင့် ဂျိုလီ တို့သည် (၂၀၀၆)ခုနှစ် ရုပ်ရှင် The Good Shepherd တွင် အတူတွဲ သရုပ်ဆောင် ခဲ့ဖူးသည်။ ဒီနီရိုး က ဂျိုလီပြီး ၎င်းဒုတိယ သဘောအကျဆုံးမှာ The Queen မင်းသမီး ဟယ်လန်မာရင် ဖြစ်ကြောင်း ဖွင့်ဟဝန်ခံ လိုက်သည်။

ဒီနီရိုးက ရုပ်ရှင်နယ်ပယ်မှ မဟုတ်ဘဲ ၎င်း အနှစ်သက်ဆုံး အနုပညာရှင် အဖြစ် Rap အဆိုတော် 50 Cent ကို ရွေးချယ်ခဲ့သည်။ 50 Cent သည် စကားပြောကောင်းပြီး Smart ကျသူ တဦးဖြစ်ကြောင်း၊ ၎င်းနှင့် စကားပြောရ သည်မှာ သဘောကျစရာ ကောင်းကြောင်း ဒီနီရိုးက ညွှန်းဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here