လီဗာပူးအတွက် အယ်ဘာဆို အကွီလာနီက အပြောင်းအလဲ ဖြစ်နိုင်မည် ဟုဆို

alt

ရိုးမား အသင်း ခေါင်းဆောင် ဖရန်ဆက် စကိုတော့တီ က လီဗာပူး အသင်း ကြံုနေရသော ရလဒ်ဆိုး များကို ချေဖျက်နိုင်ရန် မိမိ၏ အသင်းဖော် ဟောင်း အယ်ဘာတို အကွီလာနီက အဖြေမှန် ဖြစ်လာ လိမ့်မည်ဟု

သုံးသပ် လိုက်သည်။

အကွီလာနီ နှင့် တော့တီ တို့သည် ရိုးမားတွင်ရော၊ အီတလီ လက်ရွေးစင် အသင်းတွင်ပါ အတွဲညီသော ကစား ဖော်များ ဖြစ်ကြသည်။ လီဗာပူးသည် ကွင်းလယ်ဖန်တီးရှင် အကွီလာနီကို အသင်းမှ ထွက်ခွာသွားသည့် စပိန် လက်ရွေးစင် ဇာဘီအလွန်ဆို အစား ပေါင်သန်း(၂၀)ဖြင့် ပြီးခဲ့သည့် နွေရာသီက စာချုပ် ချုပ်ဆို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အကွီလာနီသည် ဒဏ်ရာကြောင့် လီဗာပူးအတွက် ပွဲထွက်ခွင့် ရရေး ရုန်းကန်ခဲ့ရသလို လီဗာပူးသည်လည်း သမိုင်းတလျှောက် အဆိုးရွားဆုံး ရလဒ်များနှင့် တွေ့ကြံုနေခဲ့ ရသည်။ သို့သော်လည်း ယခုအခါ အသက်(၂၅)နှစ် အရွယ် အီတလီ အလယ်တန်း  ကစားသမားသည် ဒဏ်ရာမှ ပြန်လည် သက်သာလာနေပြီ ဖြစ်သည်။

တော့တီ က အကွီလာနီ သည် အရည်အသွေး ပြည့်ဝသော ကစားသမား တဦးဖြစ်ပြီး လီဗာပူးအသင်း ကြံုနေရသည့် အိပ်မက်ဆိုးများမှ နိုးထ စေလိမ့်မည်ဟု ချီးကျူးခဲ့သည်။ အကွီလာနီ သည် အားကြိုးမာန်တက် ကစားတတ်ပြီး ခံစစ်ရော၊ တိုက်စစ်ပါ မခိုမကပ် လိုက်ပါနိုင်သဖြင့် လီဗာပူးအတွက် အကျိုးရှိစေလိမ့်မည်ဟု တော့တီ က ဆိုသည်။

အကွီလာနီ သည် ဒဏ်ရာမှ ပြန်လည်သက်သာ လာသော်လည်း လီဗာပူးနည်းပြ ရာဖေး ဘင်နီတက်စ် က ၎င်းကို လူစားလဲပြီး (၂)ပွဲမျှသာ အသုံးပြုသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here