တရုတ်နှင့် အမေရိကန် သမ္မတများ ၂နိုင်ငံ ကုန်သွယ်အရေး တွေ့ဆုံဆွေးနွေး

alt

တရုတ် သမ္မတ ဟူကျင်တောင်း နှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ပတ်သက်ပြီး တင်းမာမှုများ ရှိနေခြင်းကို ၀န်ခံကာ ကုန်သွယ်မှု ကဏ္ဍ တိုးမြှင့်ရန်

ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အာရှ၏ အတိုးတက်ဆုံး နိုင်ငံအဖြစ် အရှိန်ပြင်းစွာ ကူးပြောင်း လာသည့် တရုတ် နိုင်ငံသို့ အိုဘားမားသည် ၎င်း၏ တပါတ်ကြာ အရှေ့အာရှ ခရီးစဉ်၏ အစိတ်အပိုင်း အဖြစ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ (၁၇)ရက် နေ့က ဆွေးနွေးမှု အတွင်း အင်အားကြီး နှစ်နိုင်ငံ ခေါင်းဆောင် များသည် ကမာ္ဘ့ ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေး လုပ်ငန်းများကို အတူပူးပေါင်း ဆောင်ရွက်ရန်လည်း သဘောတူညီမှု ရရှိခဲ့ကြသည်။

အိုဘားမား သည် သမ္မတဟူ နှင့် တွေ့ဆုံပြီးနောက် ဘေဂျင်းမြို့ မဟာ တံတိုင်းကြီး ထံလည်း သွားရောက်လည်ပတ် ခဲ့သေးသည်။ အမေရိကန် သည် တရုတ်ပို့ကုန် အလွန်များပြားစွာ ပြည်တွင်း ၀င်ရောက်နေမှုအား စိုးရိမ်မှု ကြီးကြီးမားမား ဖြစ်ပေါ်လျှက်ရှိရာ နှစ်နိုင်ငံ စီးပွားရေးအမြင် တင်းမာမှုကို လျှော့ချရန် အိုဘားမား ရော၊ သမ္မတ ဟူပါ လက်သင့်ခံ ခဲ့ကြသည်။

၎င်းတို့ နှစ်ဦးသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးပါသော ဆွေးနွေးမှုများကို (၂)နာရီကြာမျှ အကြိတ်အနယ် ပြုလုပ် ခဲ့ကြပြီး၊ ဆွေးနွေးပွဲ အပြီးတွင် အမေရိကန် သမ္မတက ယွမ်ငွေတန်ဖိုး ကန့်သတ်ရေးကို သမ္မတဟူထံ ပုဂ္ဂိုလ်ရေး အမြင်ဖလှယ်မှု ပြုလုပ်ခဲ့ရာ တရုတ် သမ္မတက ယဉ်ကျေးသိမ်မွေ့စွာ ငြင်းဆန် ခဲ့သည်။

အိုဘားမားသည် တရုတ်နိုင်ငံ မှတဆင့် တောင်ကိုရီးယား သို့ သွားရောက်ကာ နိုဝင်ဘာ (၁၉)ရက် နေ့တွင် ဆိုးလ် မြို့တော်၌ သမ္မတ လီမြောက်ဘက် နှင့် မြောက်ကိုရီးယား နျူကလီးယား ပြဿနာအတွက် ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here