National Geographic ချာနယ်မှ မြန်မာ့ဆင် များအကြောင်း ရိုက်ကူး မီးမောင်း ထိုးပြမည်

alt

ဗဟုသုတ မှတ်တမ်း ရုပ်ရှင်များ ထုတ်လွှင့် နေသော National Geographic ချာနယ်မှ မြန်မာနိုင်ငံ အတွင်း သစ်တော လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေသော

မြန်မာ့သစ်ဆွဲ ဆင်များ အကြောင်း ထုတ်လွှင့်ရန် ယခုလ အတွင်း ရိုက်ကူးမည် ဖြစ်ကြောင်း ၎င်းစီမံကိန်း နှင့် နီးစပ်သူ တဦးမှ ကြာသာပတေး နေ့တွင် ပြောကြားလိုက်သည်။

မြန်မာ နိုင်ငံတွင်းမှ တောဆင်ရိုင်း များအား မည်သို့ ယဉ်ပါးအောင် ပြုလုပ် လေ့ကျင့်ပေးပုံ နှင့် ယနေ့တိုင် မြန်မာ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ခက်ခဲ ပင်ပမ်းစွာ ပါဝင် ပတ်သက်နေပုံ၊ ထို သစ်လုပ်ငန်းများမှ လွယ်ကူစွာ နိုင်ငံခြားငွေ ရယူနိုင်ပုံတို့ မြန်မာ့ထိပ်သီး အာဏာပိုင် တို့နှင့် တစုံတရာ ပတ်သက်နေသော ထူး ထရေးဒင်း ကုမ္မဏီမှ တရားဝင် ပြောဆိုလိုက်သည်။

ပြင်သစ် လူမျိုး ဒါရိုက်တာ ၂ဦးပါဝင်သော Compass Film ကုမ္မဏီ ရိုက်ကူးရေး အဖွဲ့မှာ ပဲခူးရိုးမ တကြောရှိ ပင်မကျွန်းသစ် ထုတ်လုပ်ရာ ပဒေါင် ကျေးရွာများတွင် သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး မြန်မာ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ဆင်များသည် မည်သို့ အရေးပါပုံ မည်သို့ဆောင်ရွက်ပုံများ ပါဝင်မည်ဟု ထူး ထရေးဒင်း ကုမ္မဏီမှ အမည် မဖေါ်လိုသော သူတဦးမှ ပြောဆိုလိုက်သည်။

ထိုဒေသ သစ်တောများအတွင်း ဆင်ရိုင်း အကောင်ရေ ၄၀၀၀ ကျော် နေထိုင်လျှက် ရှိသေးကြောင်း ၎င်းဒေသတွင်းမှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

မြန်မာ့ ဆင်များကို ရှေး ပဝေဏသီ ဘုရင့် နိုင်ငံတော်များ လက်ထက်ကပင် လုပ်ငန်းများ အပြင် စစ်ပွဲများ၌ စီးခြင်းထိုးသော ဆင်တပ် များအဖြစ် အသုံးချခဲ့ပြီး၊ ၁၈၈၆ ခုနှစ် ဗြိတိသျှ ကိုလိုနီ လက်ထက်မှ ကမာ္ဘသိ ဖြစ်လာသော အရှေ့တောင် အာရှနိုင်ငံ မြန်မာ့ ကျွန်းသစ်များ အခန်းကဏ္ဍ၌ မြန်မာ့ ဆင်များ ပါဝင်ခဲ့သည် ကို မီးမောင်း ထိုးပြမည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here