Twilight ဇာတ်ကားတွေ မကြိုက်ပါဟု မီလီဆိုင်းရပ် ဇိုးဇိုးဇတ်ဇတ် ပြောကြားလိုက်

alt

Twilight ဇာတ်ကားများကို ကြိုက် လည်း မကြိုက်၊ ၀င်လည်း သရုပ် မဆောင်ချင်ကြောင်း မီလီဆိုင်းရပ်က ပြောကြား လိုက်သည်။ Q92 အမည်ရှိ အသံလွှင့် ဌာနနှင့် တွေ့ဆုံ မေးမြန်းခန်း

တွင် မီလီက သူမသည် သွေးစုပ် ဖုတ်ကောင် ဇာတ်လမ်းများကို စိတ် မဝင် စားသဖြင့် Twilight ကို တခါမျှ မကြည့်ခဲ့ကြောင်း ပြောဆိုလိုက်သည်။

သူမ၏ ၀န်ခံမှုသည် လူငယ်ပရိသတ် အားပေးမှုကြောင့် အကြီးအကျယ် အောင်မြင်မှု ရရှိနေသည့် Twilight ကို နှစ်သက်သူများ အံ့အားသင့် စေခဲ့ရသည်။ သမားရိုးကျ အားဖြင့် Twilight ၏ အဓိက ပရိသတ်မှာ ဆယ်ကျော်သက် မိန်းကလေးများသာ ဖြစ်နေလေ့ ရှိသည်။

အသက် (၁၆)နှစ် အရွယ် မီလီက သူမသည် Twilight ၏ အောင်မြင်မှု အတွက် ချီးကျူးသော်လည်း ကိုယ်တိုင် ကမူ လုံးဝ မကြိုက်ဟု ဆိုသည်။ ထို့အပြင် သူမအဓိက သရုပ်ဆောင်ထားသည့် Hannah Montana ဇာတ်လမ်းတွဲများသည် Twilight ကဲ့သို့ပင် အကြီးအကျယ် အောင်မြင်နေကြောင်း မော်ကြွားခဲ့သေးသည်။

Twilight သည် မင်းသား ရောဘတ်ပက်တာတန် နှင့် မင်းသမီး ခရစ်စတီယန် စတူးဝတ် တို့ ပါ၀င် သရုပ်ဆောင်ထားပြီး အမေရိကန် တွင်ရော၊ ကမာ္ဘ အရပ်ရပ်တွင်ပါ ပရိသတ် နှစ်ခြိုက်အားပေးမှုကို ခံယူရရှိနေသည့် ဇာတ်ကားကောင်း တခုအဖြစ် ရပ်တည်နေခဲ့သည်။

မီလီသည် နာမည်ကျော် လူကြိုက်များသော အရာများကို ဆန့်ကျင် ပြောဆိုမှုသည် ယခုတကြိမ် ပထမဆုံး မဟုတ်ပေ။ သူမသည် နာမည်ကြီး Hip Hop အဆိုတော် ဂျေးဇီး ၏ သီချင်းများကို တကြိမ်တခါမှ နားမထောင်ဖူးကြောင်း ပြောခဲ့ဖူး သေးပြီး၊ ထို့အပြင် တချိန်က သူမ အမြဲတမ်း သုံးစွဲခဲ့သည့် Social Networking ၀ဘ်ဆိုဒ် Twitter အားလည်း သူမ ဆက်လက် မသုံးတော့ချိန်တွင် “ Twitter ကို တက္ကသိုလ် များအတွင်း သုံးစွဲမှု ပိတ်ပင်သင့်သည် ” ဟု ဝေဖန်ခဲ့ရာ Twitter ပရိသတ်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ရသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here