နှလုံးရောဂါ ဟန့်တားနိုင်ရေး အတွက် တရားထိုင်သင့်

alt

တရား ထိုင်ခြင်းသည် နှလုံးရောဂါကို ဟန့်တား ကာကွယ်ရာတွင် အကျိုး ကျေးဇူး ကြီးမားကြောင်း လေ့လာချက် များအရ သိရှိရသည်။ စိတ်ကို ဖြေလျှော့ ရသော ယင်း ကျင့်စဉ်များကို ၁၉၆၀

ပြည့်လွန် နှစ်များ ကတည်းက ဟစ်ပီ များက လေ့ကျင့်ခဲ့ပြီး နှလုံးရောဂါနှင့် စိတ် ဖိစီးမှုများကို သက်သာ လျော့ပါး စေကြောင်း ယုံကြည် ခဲ့ကြသည်။

ယခုအခါ ခေတ်မီ သုတေသန လုပ်ငန်း များကို ပြုလုပ်ပြီးနောက် တရားထိုင် ခြင်းကြောင့် နှလုံးရောဂါများ ဖြစ်ပေါ် ခြင်းကို သာမန်ထက် ထက်ဝက်မျှ လျော့ပါးသက်သာ စေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

နှလုံး သွေးကြောကျဉ်း ရောဂါရှိသော အသက် (၅၉)နှစ် အရွယ်ရှိ အာဖရိကန်- အမေရိကန် ကပြား (၂၀၁)ဦး တို့ကို လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း စသည်တို့ အပါအဝင် နည်းလမ်း အမျိုးမျိုး ရောစပ် ကျင့်ကြံစေပြီး ပညာရှင်များက မည်သည့် နည်းလမ်းက အကျိုးထူးသည်ကို တိုင်းတာ မှတ်သားခဲ့ကြသည်။

အဆုံးသတ် ရလဒ်များက တရားထိုင်သည့် အလေ့အထကို စွဲမြဲစွာ လုပ်ကိုင်ကြသော လူနာများသည် သာမန်ထက် သိသိသာသာပင် နှလုံးဆိုင်ရာ ပြဿနာများ လျော့ပါးသွားကြောင်း ညွှန်ပြလျှက် ရှိသည်။ မာဟာရီရှီ တက္ကသိုလ်မှာ ဒေါက်တာရောဘတ် ရှင်ဒလာက ယခု လေ့လာမှုများ အရ တရားထိုင်ရန် သတ်မှတ် ပေးထားသော လူနာများအတွင်း နှလုံးဖောက်ပြန်မှု၊ လေဖြတ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်ပွားမှုများသည် (၄၇)ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း ထောက်ခံ ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here