Google Chrome Demo Version အခမဲ့ စတင်ဖြန့်ဝေ တော့မည်

alt

Google သည် ၎င်းတို့၏ Operating System အသစ် Chrome အတွက် Demo Verison ကို ယခု သီတင်းပါတ် အတွင်း စတင် ဖြန့်ဝေမည် ဖြစ်သည်။ နိုဝင်ဘာ (၁၉)ရက် နေ့မှစကာ ဖြန့်ချီ ပေးသွားမည့်

Demo Version အတွက် Google က PC မဂ္ဂဇင်းအား အကူအညီ တောင်းပြီး မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြ စေခဲ့သည်။

Google Chrome OS ၏ Demo Version စတင် ဖြန့်ချီမှုကို ဂူးဂဲလ် အင်ဂျင်နီယာ ဌာန ဒါရိုက်တာ မက်သရူး ပါပါကီပေါ့ က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ Google သည် အလုံးစုံ ဖန်တီးထားသော ဗါးရှင်းအပြည့် Chrome OS ကို (၂၀၁၀) ခုနှစ်တွင်မှ ဖြန့်ချီသွားရန် ရည်ရွယ်ထားသည်။

Google သည် PC ကွန်ပျူတာများ အတွက် ရည်ရွယ်ထားသည့် Chrome OS ကို အခမဲ့ ဖြန့်ချီမည်ဖြစ်ရာ ၎င်း၏ Hardware ဆိုင်ရာ လက်တွဲဖော် ကုမ္ပဏီများ ဖြစ်သည့် Acer၊ HP နှင့် Adobe အပါအဝင် ကုမ္ပဏီပေါင်း မြောက်မြားစွာက စိတ်ဝင်တစား စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။

Google သည် Chrome OS ကို မိုဘိုင်းလ် ဖုန်းများအတွက် သီးသန့်Version အနေနှင့် မျိုးစေ့ချပြီး Android ဖုန်းများတွင် စမ်းသပ်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ Google ၏ OS သည် အခမဲ့ အသုံးပြုခွင့် ရမည်ဖြစ်ရာ လုပ်ငန်းသေးများ အနေနှင့် ၎င်းတို့၏ ကွန်ပျူတာတွင် OS လောကကို မင်းမူထားသည့် Microsoft ၏ Windows နှင့် Apple ၏ Mac တို့အစား သုံးစွဲ လာဖွယ်ရှိကြောင်း ဈေးကွက် လေ့လာသူများက သုံးသပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here