နာဇီ အဖွဲ့ဝင်ဟောင်း တဦးအား လူ၅၈ဦး သတ်ဖြတ်မှုဖြင့် တရားစွဲဆို

alt

ဒုတိယ ကမာ္ဘစစ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် နာဇီ ပါတီဝင် ဟောင်း တဦးအား လူ(၅၈)ဦးအား သတ်ဖြတ်မှုဖြင့် ဂျာမန် တရားရုံးက တရားစွဲဆို ခဲ့ကြောင်း သိရှိရသည်။

ဂျာမန် အစိုးရ ရှေ့နေများက လက်ရှိ အချိန်တွင် အသက်(၉၀) ရှိနေပြီ ဖြစ်သော ယင်း ပုဂ္ဂိုလ်သည် ဒုတိယ ကမာ္ဘစစ်ကြီး ပြီးဆုံး ခါနီးတွင် ဩစတြီးယား နိုင်ငံ အရှေ့ပိုင်းရှိ ဒူးရှန်ဇန်း ရွာလေးတွင် ဟန်ဂေရီ အလုပ်သမား များကို အစုလိုက် အပြံုလိုက် သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲ ထားခြင်း ဖြစ်သည်။

တရားရုံးသည် ၎င်း၏ အမည်ကို ဖော်ပြခြင်း မရှိဘဲ ဒူးစဘက်မြို့မှ အငြိမ်းစား တဦးဟုသာ ပြောကြားခဲ့ပြီး၊ သေဆုံးသူများ၏ ရုပ် အလောင်းများကို (၁၉၉၅) ခုနှစ်က ဩစတြီးယန်း ဂျူးလူမျိုးများက ကြေကွဲဖွယ် ပြန်လည်တူးဖော် တွေ့ရှိခဲ့ရာမှ ခြေရာခံခြင်း ဖြစ်သည်။

ဂျာမန် အစိုးရ တရားရုံးက အစွပ်စွဲခံ ပုဂ္ဂိုလ်သည် (၁၉၄၅)ခုနှစ်၊ မတ်လ (၂၉)ရက် နေ့က ဂျူးလူမျိုးများအား တောထဲခေါ်ပြီး တွင်းတူးစေကာ ပစ်သတ်ခဲ့သည့် SS နာဇီ အရာရှိပင် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

၎င်းသည် ဂျူး(၅၇)ဦးကို ပစ်သတ်ခဲ့ပြီး ဂျူးများအား အစုလိုက် ရွှေ့ပြောင်းရာတွင် လမ်းမလျှောက် နိုင်တော့ လောက်အောင် ပင်ပန်းနေသည့် ဂျူးတဦးကိုပါ သေနတ်နှင့် ထပ်ပစ်ခဲ့ကြောင်း အစိုးရ ရှေ့နေများက စွပ်စွဲထားခြင်း ဖြစ်သည်။

ယခုအခါ အစုလိုက် အပြံုလိုက် တူးဖော် တွေ့ရှိရသည့် ဂျူး အလုပ်သမားများ၏ သင်္ချိုင်းနေရာတွင် မှတ်တိုင်တခု အထိမ်းအမှတ် အဖြစ် စိုက်ထူထားပြီး ဖြစ်သည်။ ယင်းတို့အား သတ်ဖြတ်ခဲ့သူကို သက်ဆိုင်ရာက စုံစမ်းခဲ့ပြီး ဩစတြီးယား တက္ကသိုလ် သုတေသန ကျောင်းသားများ၏ ကူညီမှုဖြင့် ကွင်းဆက်များကို တွေ့ရှိခဲ့ရာမှ ယခုအခါ အသက်(၉၀) ရှိပြီဖြစ်သည့် ပုဂ္ဂိုလ်အား ဖော်ထုတ်ကာ ဒူးစဘက် တရားရုံးသို့ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here