ဘာကရီဆက်ညာ အာဆင်နယ် တွင်သာ ဆက်ရှိမည်

alt

ဂျူဗင်းတပ် ကဲ့သို့ အသင်းကြီးက စိတ်ဝင်စားမှုကို ခံရသဖြင့် ၀မ်းမြောက် နေသော်လည်း ဘာကရီဆက်ညာ သည် အာဆင်နယ် တွင်သာ ဆက်ရှိ နေမည် ဖြစ်ကြောင်း ယင်း ကစားသမား

၏ အေးဂျင့်က ထုတ်ဖေါ်ပြောကြား လိုက်သည်။

ပြင်သစ် လက်ရွေးစင် ညာတောင်ပံ နောက်ခံလူသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ကာလ ကလည်း စပိန် ထိပ်သီး ရီးရဲလ်မက်ဒရစ် သို့ ပြောင်းရွှေ ့တော့မည်ဟု နာမည် ထွက်ခဲ့ပြီးမှ အာဆင်နယ်တွင် ဆက်နေရန် ဆုံးဖြတ် ခဲ့သူ ဖြစ်သည်။

ဆက်ညာ၏ အေးဂျင့် ခရစ်စတိုဖာ မွန်ဂိုင်းက ဂျူဗင်းတပ်သည် စိတ်ဝင်တစား စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အော်ဇာရီ အသင်း ကစားသမားဟောင်း က လန်ဒန်မြို့ တွင်သာ ဆက်နေရန် စိတ်ကူး ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ဂျူဗင်းတပ်သည် အာဆင်နယ်နှင့် တိုက်ရိုက် ပြောဆိုခဲ့ပြီး အာဆင်နယ်က ကစားသမား၏ စိတ်ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့် ပေးခဲ့သော်လည်း ဆက်ညာက အသင်းတွင် ဆက်ရှိရန် ဆုံးဖြတ်ခဲ့ကြောင်း မွန်ဂိုင်းက ဆိုသည်။ ၎င်းက ဆက်ညာသည် ကစားသမားကောင်း တဦးပင် ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ရီးရဲလ်နှင့် ဂျူဗင်းတပ် တို့ကဲ့သို့ ထိပ်တန်း အသင်းကြီးများက စိတ်ဝင်စားမှုကို ခံရသည်မှာ သိပ်မဆန်းကြောင်း သုံးသပ်ခဲ့သည်။

ပရော်ဖက်ရှင်နယ် ဘောလုံး လောကတွင် မည်သည့်အရာ ကိုမျှ ယတိပြတ် မပြောနိုင်ကြောင်း၊ ဆက်ညာသည် အာဆင်နယ်တွင် ဘောလုံးသမားဘဝ ကုန်ဆုံးသည် အထိ ရှိနေမည်ဟု မဆိုနိုင်သော်လည်း လောလောဆယ် တွင်မူ အသင်းပြောင်း ဖြစ်ဦးမည် မဟုတ်ကြောင်း မွန်ဂိုင်းက ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here