အီရန်နိုင်ငံတွင် ယူရေနီယမ် စုဆောင်းရန် နေရာ စတင် တည်ထောင်နေ

alt

ကုလသမဂ္ဂ က အီရန် နိုင်ငံသည် ယူရေနီယမ် စုဆောင်းရေး နေရာ တခုကို စတင် တည်ထောင်နေပြီး ထို လုပ်ငန်းသည် စွမ်းအင် ကဏ္ဍ အတွက် ထက် ဗုံးများ ထုတ်လုပ်နိုင်ရန်

ရည်ရွယ်ဟန် ရှိကြောင်း ပြောကြား လိုက်သည်။

နိုဝင်ဘာ (၁၆)ရက် နေ့ထုတ် ကြေညာ ချက် အရ နိုင်ငံတကာ အက်တမ် (နျူကလီးယား) စွမ်းအင် အေဂျင်စီ (IAEA) မှ ပညာရှင် များက အီရန်၏ ယူရေနီယမ် စွမ်းအားသည် စွမ်းအင် ကဏ္ဍအတွက် အလွန်နည်းပါးပြီး ဗုံး ထုတ်လုပ်ရန်မူ သင့်တော်သော ပမာဏ ရှိနေကြောင်း ပြောကြားခဲ့သည်ဟု ပါရှိသည်။

IAEA မှ တွေ့ရှိချက် အရ အီရန်က စွမ်းအင်အတွက် ရည်ရွယ်သည် ဆိုသော ယူရေနီယမ် ပမာဏသည် နျူကလီးယား ဓာတ်ပေါင်းဖိုတွင် အသုံးပြုရန် အလွန် နည်းပါးနေကြောင်း သိရှိရသည်။ ထိုနေရာမှ ထုတ်ပေးနိုင်သော ယူရေနီယမ် ပမာဏသည် နှစ်ပေါင်း၉၀ ကြာသည် အထိ နျူကလီးယား ဓာတ်ပေါင်းဖို တခု တည်ဆောက်နိုင်မည် မဟုတ်သော်လည်း တနှစ်လျင် နျူကလီးယားဗုံး တလုံးစီ ထုတ်ပေးရန် သင့်တော်သော အနေအထားရှိကြောင်း လုံခြံုရေး မဟာဗျူဟာ စီမံကိန်းအဖွဲ့မှ ဒုတိယ ဥက္ကဌ အိုင်ဗန်အိုရစ်က ပြောကြားခဲ့သည်။

IAEA ၏ အစီရင်ခံစာတွင် အီရန်သည် ယူရေနီယမ် စုဆောင်းရေး ဌာနများကို အလွန် လျှို့ဝှက်စွာ တည်ဆောက်ထားပြီး (၂၀၁၁) ခုနှစ်တွင် နျူကလီးယား ဗုံးများ စတင်ထုတ်လုပ် နိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ကွမ် အရပ်ရှိ ယူရေနီယမ် စုဆောင်းရေး ဌာနသည် နျူကလီးယား လက်နက်များ ထုတ်လုပ်ခြင်း မရှိရန် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် အီရန်နိုင်ငံ အနေနှင့် နိုင်ငံတကာအား ကတိ ဖောက်ဖျက်ရန် ကြံဆောင်နေသည့် သက်သေပင် ဖြစ်ကြောင်းလည်း IAEA က စွပ်စွဲ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here