ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကမ္ဘောဒီးယားမှ ပြန်လည် ထွက်ခွာသွား

alt

နိုဝင်ဘာ (၁၄)ရက် နေ့က သက်ဆင်ရှီနာဝထ္ထရာ ကမော္ဘဒီးယား နိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သော်လည်း ထိုင်းနှင့် ကမော္ဘဒီးယား တို့ကြား တင်းမာမှုမှာ ဆက်လက် ကျန်ရှိနေဆဲပင် ဖြစ်သည်။

အာဏာသိမ်းခံ ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်သည် ကမော္ဘဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်၏ အကြံပေးအဖြစ် ခန့်အပ် ခံရပြီးနောက် အရှေ့တောင် အာရှ နိုင်ငံသို့ (၅)ရက် အကြာ လာရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုအခါ သက်ဆင်၏ မဟာ ရန်သူတော် ဖြစ်သည့် လက်ရှိ ထိုင်းအစိုးရက ကမော္ဘဒီးယား အား အရေးဆို ကန့်ကွက်ခဲ့ရာ နှစ်နိုင်ငံကြား ဆက်ဆံရေးသည် အဆိုးရွားဆုံး ဖြစ်လာခဲ့ရသည်။ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ပရက်ဆိုခွန်း က ထိုင်း ၀န်ကြီးချုပ်ဟောင်း သည် ကိုယ်ပိုင် လေယာဉ်တစင်းဖြင့် ကမော္ဘဒီးယားမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့်နေရာသို့ ဦးတည်နေသည်ကို ပြောကြားသွားခြင်း မရှိပေ။

သတင်းများ ကမူ သက်ဆင်သည် ၎င်း ထိုင်းအစိုးရ၏ နယ်နှင်ဒဏ်ကို ခံရပြီးနောက် အများဆုံး စတည်းချ နေထိုင်သည့် ဒူဘိုင်းသို့ ပြန်သွားခြင်းဟု ဖော်ပြခဲ့ကြသည်။ သက်ဆင်၏ ခရီးစဉ်သည် နှစ်နိုင်ငံ နယ်နိမိတ်အနီး တည်ရှိနေသည့် ရှေးခေတ်လက်ရာ ဘုရားကျောင်း တခု ပိုင်ဆိုင်ခွင့် ရရေး အငြင်းပွားမှုကြောင့် ယခင် ကတည်းက အဆင်မပြေကြသော ထိုင်းနှင့် ကမော္ဘဒီးယား ဆက်ဆံရေးကို အဆိုးရွားဆုံး ဖြစ်သွားစေသည်။

သက်ဆင် ပြဿနာကြောင့် ထိုင်းရော၊ ကမော္ဘဒီးယားပါ ၎င်းတို့၏ သံတမန်များကို အသီးသီး ပြန်ရုတ်သိမ်းခဲ့ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကိုပါ ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ ထိုင်း နိုင်ငံသည် ကမော္ဘဒီးယားအား သက်ဆင်ကို ဖမ်းထားပေးရန် တောင်းဆိုခဲ့သော်လည်း ကမော္ဘဒီးယားက ပယ်ချခဲ့ပြီးနောက် ထိုင်း နိုင်ငံကလည်း နှစ်နိုင်ငံ ဆက်သွယ်သော အဝေးပြေး လမ်းမ ဆောက်လုပ်မှုကို ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက် ခဲ့သေးသည်။

သက်ဆင် ပြန်မည့်နေ့က ကမော္ဘဒီးယားသည် ထိုင်းနှင့် နယ်စပ်တွင် စစ်သား ၁၀၀၀ ကျော်ကို တပ်ဖြန့်ထားကာ လုံခြံုရေးကိုလည်း တင်းကြပ် ထားလိုက်ကြောင်း ဘန်ကောက်မှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here