စစ်အစိုးရ ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလိုက်

alt

နေအိမ် အကျယ်ချုပ် ကျခံနေရသူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာ စစ်အစိုးရ ထိပ်သီးအာဏာပိုင် များနှင့် တွေ့ဆုံခွင့် ရရန် တောင်းဆိုလိုက် ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီက ပြီးခဲ့သည့် သီတင်းပါတ် အတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာ စစ်အစိုးရ ထိပ်တန်း တာဝန်ရှိသူ များထံ စာတစောင် ရေးသား ပေးပို့ခဲ့ကြောင်း ပြောကြား သွားခဲ့သည်။

NLD ပြောရေးဆိုခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ စစ်အစိုးရ ထိပ်တန်း ဗိုလ်ချုပ်များနှင့် ကွဲပြားသော အမြင် များကို ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း ပြောဆို သွားခဲ့သည်။

မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အမေရိကန် သမ္မတ ဘာရက် အိုဘားမား တို့ တွေ့ဆုံစဉ် အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန် တိုက်ရိုက် တောင်းဆိုခဲ့ပြီး နောက်တနေ့ ဖြစ်သော နိုဝင်ဘာ (၁၆)ရက် နေ့တွင် ဦးဉာဏ်ဝင်း က ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) အနက် (၁၄)နှစ် မျှသော ကာလကို နေအိမ် အကျယ်ချုပ်ခံ ဘဝဖြင့် ဆင်းရဲ ပင်ပမ်းစွာ ဖြတ်သန်းရရှာသူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ စစ်အစိုးရ အဓိပတိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အကြား နောက်ဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်မှာ (၂၀၀၂) ခုနှစ်က ဖြစ်ကြောင်း သတင်းများ အရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here