မိုက်ကယ်ဂျက်ဆင် ၏ အကြံပေး မန်နေဂျာ Neverland ခြံ ရောင်းရငွေအချို့ ရယူလိုဟု ဆို

alt

မိုက်ကယ်ဂျက်ဆင် ၏ ငွေကြေးဆိုင်ရာ အကြံပေး မန်နေဂျာ က ကမာ္ဘကျော် Pop ဂီတ အဆိုတော်ကြီး တချိန်က ပိုင်ဆိုင်ခဲ့သည့် Neverland ခြံကြီးအား ရောင်းချရာမှ ရရှိသော ငွေကြေးများ အနက် အချို့ ကို ရယူလိုကြောင်း

တောင်းဆို လိုက်သည်။

ဒေါက်တာ တော်နီတွမ်မီ က ၎င်းသည် Neverland နှင့် ပါတ်သက်ပြီး ဂျက်ဆင် အား များစွာ ကူညီထားသူ ဖြစ်သဖြင့် ခြံကြီးအား ဒေါ်လာ သန်းပေါင်း များစွာဖြင့် ရောင်းချရာတွင် ပိုင်ဆိုင်ခွင့် အချို့  ရယူလိုကြောင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဂျက်ဆင် ၏ အကြံပေး မန်နေဂျာ အဖြစ် တချိန်က တာဝန် ယူခဲ့ဖူးသော တော်နီသည် ၎င်းအနေနှင့် ဂျက်ဆင်၏ ခြံကြီးအတွက် ဒေါ်လာ (၂၃)သန်းမျှ သက်သာအောင် ၀ယ်ယူစဉ်က ကူညီ ခဲ့ဖူးသော်လည်း ထို့အတွက် ဆုကြေးလုံးဝ မရခဲ့ဟု ဆိုသည်။

၎င်းသည် မှတ်တမ်း မှတ်ရာများကို ပြုစုပြီးနောက် ဒေါ်လာ (၂.၃)သန်း ရရှိလိုကြောင်း တရားရုံး မှတဆင့် ဦးတိုက် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ယင်း ပမာဏကို ဂျက်ဆင်က ခြံကြီးအား ရောင်းချချိန်တွင် ဆုချသွားမည်ဟု ကတိပြုခဲ့ကြောင်း တော်နီ က ဖွင့်ဆိုလိုက်သည်။

ဇွန်လ (၂၅)ရက် နေ့က ဂျက်ဆင် ကွယ်လွန် သွားပြီးနောက် ကျန်ရစ်သူ မိသားစုမှာ ငွေကြေးဆိုင်ရာ ပြဿနာ အတော်များများဖြင့် ရင်ဆိုင်နေရပြီး ဂျက်ဆင်ထံမှ ကတိ ကဝတ်ဖြင့် ငွေကြေး ရယူလိုမှုများ ထပ်မံရှိနေကြောင်း ဂျက်ဆင်၏ ယခင်က အက နည်းပြဆရာ လာဗီလီစမစ် ဂျုနီယာ နှင့်  အရေပြား ဒေါက်တာ အာနိုးကလိန်း တို့ကလည်း တောင်းဆိုထားသည် ။

LEAVE A REPLY

Please enter your comment!
Please enter your name here