အီတလီသူ အချောအလှ များနှင့် ပါတီကျင်းပ တရားဟောခဲ့သည့် လစ်ဗျား ခေါင်းဆောင် ကဒါဖီ

alt

အီတလီ နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း လစ်ဗျားနိုင်ငံ ခေါင်းဆောင် ဗိုလ်မှူးကြီး မိုအမ်မာ ကဒါဖီ သည် အီတလီသူ အချောအလှ (၂၀၀) ကျော်ကို ဖိတ်ကြားကာ ပါတီတခု

ကျင်းပခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း နိုဝင်ဘာ (၁၅)ရက်နေ့ ပါတီပွဲ အတွင်း အီတလီ လှပျိုဖြူများ ခမျာ ရင်ခုန်စရာ ပျော်ရွှင်ပွဲကို မတွေ့ ကြံုရဘဲ ၂နာရီ လုံးလုံး မွတ်ဆလင် တရားများကို Lecture ရိုက်နေသည့် လစ်ဗျား ခေါင်းဆောင်ကြောင့် စိတ်ပျက် ခဲ့ရသည်။

ကဒါဖီ သည် အီတလီသို့ ကုလသမဂ္ဂ၏ ကမာ္ဘ့ စားနပ်ရိက္ခာ ပြဿနာ ဆိုင်ရာ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။ ကဒါဖီသည် ယခုပွဲကို စီစဉ်ပေးရန် အရပ်(၅)ပေ (၁၀)လက်မ အနည်းဆုံး ရှိပြီး အသက် (၁၈)နှစ်မှ (၃၅)နှစ် အကြား အီတလီ အချောအလှများကို ရှာဖွေပေးရန် အေဂျင်စီ တခုအား ငှားရမ်းခဲ့သည်။

ထို မိန်းကလေး များသည် တဦးလျင် ယူရို(၅၀)စီ ရရှိခဲ့ပြီး အချို့သော အမျိုးသမီးများမှာ သတ်မှတ်ထားသော အရပ်ကို မမီခြင်းနှင့် ၀တ်စားဆင်ယင်ပုံ အချိုးမပြေခြင်း တို့ကြောင်း ပါတီပွဲ ကျင်းပရာ ဟိုတယ်ရှေ့မှ ပြန်ခဲ့ရသည်။ သို့သော်လည်း ပါတီပွဲသို့ တက်ရောက်ခွင့် ရသော အမျိုးသမီးများ မှာလည်း ကခုန် မြူးထူးရခြင်း မရှိဘဲ လစ်ဗျား လူနေမှုဘဝနှင့် မွတ်ဆလင် ဘာသာဝင် အမျိုးသမီးတို့၏ အခွင့်အရေးများ အကြောင်းသာ အူေကြောင်ကြောင် နှင့် နားထောင်ပြီး ပြန်ခဲ့ရသည်။

သတင်းများက ကဒါဖီသည် ထို အမျိုးသမီးများကို မွတ်ဆလင် ဘာသာဝင် ဖြစ်လာ စေလိုဟန်ရှိပြီး ကိုရမ် ကျမ်းစာအုပ်ငယ် တအုပ်စီနှင့် ၎င်း ပြောဆိုထားသည့် အဆိုအမိန့် စကားများ မှတ်စု စာအုပ်လေး တအုပ်စီ လက်ဆောင်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ မိန်းကလေး များသည် ပျော်စရာ ညနေစာ စားပွဲကြီး တခုကို မျှော်လင့်ခဲ့သော်လည်း တရားဟော ခံရပြီး ပြန်လာသဖြင့် စိတ်ဆိုးနေကြ ကြောင်းလည်း အီတလီ သတင်းများက ဖော်ပြခဲ့ကြသည်။

ဟောပြောပွဲ အပြီးတွင် လစ်ဗျား ခေါင်းဆောင်ကြီးသည် အီတလီသူ မိန်းမချောလေး များအား မြို့ထဲသို့ ခေါ်ဆောင် သွားပြီး ပီဇာ သွားစား ခဲ့သေးကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here