ဆယ်စုနှစ် အတွင်း အီးမေးလ် စံနစ် ပျောက်ကွယ်နိုင်ဟု ဆို

alt

လာမည့် (၁၀)နှစ် အတွင်း ကမာ္ဘပေါ် တွင် Email စံနစ် လုံးဝ ပျောက်ကွယ် သွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြပြီ ဖြစ်သည်။ ယခုအခါ ဆယ်ကျော်သက် သန်းနှင့်ချီ သုံးစွဲ လာသည့် Twitter ၏ Messaging

စံနစ် ပုံစံ သတင်း အချက်အလက် ဖလှယ်မှု များသည် လာမည့် ဆယ်စုနှစ် အတွင်း Email နေရာကို အပြည့်အဝ အစားထိုး သွားနိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။

ဗြိတိန် လူလတ်ပိုင်း များသည် ယခု ကတည်းက လုံခြံုမှု လစ်ဟာချက်များ ရှိနေသည့် Email စံနစ်ကို သဘော မကျတော့ဟု လေ့လာသူ များကို ဆိုကြသည်။ Email သည် နှေးကွေးခြင်း၊ ရှုပ်ထွေးခြင်းနှင့် လုံခြံုရေး ဆိုင်ရာ ပြဿနာများ Instant Messaging နှင့် နှိုင်းယှဉ်ပါက ပိုမို များပြားကြောင်း ပါမောက္ခ ဒေးဗစ်ဇိတ္တလင် က ဆိုသည်။

ထို့ကြောင့်လည်း နောက်ပိုင်း ကာလတွင် One and Done ပုံစံ Message များသာ Email စံနစ်ကို အစားထိုး ၀င်ရောက်လာမည်ဟု ဇိတ္တလင်က ခန့်မှန်းခဲ့သည်။ ဥပမာ Twitter ၏ Messaging ပုံစံသည် ထိရောက်ပြီး ဆက်သွယ် ထားသူတိုင်းကို ချက်ချင်း သတင်းပေးပို့ နိုင်သည်။ Email သည် အင်တာနက် ဆက်သွယ်မှု နည်းပညာတွင် နှစ်ပေါင်း (၂၀)ကျော်ကြာ စိုးမိုးထားသော်လည်း တစထက် တစ သုံးစွဲသူ အရေအတွက် လျော့ကျလာနေပြီ ဖြစ်သည်။

Email စံနစ်အစား Instant Messaging၊ Texting နှင့် Facebook ကဲ့သို့ Social Networking ၀ဘ်ဆိုဒ်များကို အစားထိုး သုံးစွဲလာခြင်းသည် Email စံနစ် နိဂုံးသတ်ချိန် ရောက်ရှိတော့မည့် အရိပ် လက္ခဏာပင် ဖြစ်ကြောင်း ကန့် တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဇိတ္တလင်က ဆိုသည်။ စစ်တမ်းများအရ ဗြိတိန်နိုင်ငံရှိ အသက်(၁၅)နှစ်မှ (၂၄)နှစ်ကြား လူငယ်ထု၏ (၈၆) ရာခိုင်နှုန်းသည် Email စံနစ်ကို အသုံးမပြု တော့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here