ဘရာဇီး လူငယ်ကစားသမား ခေါ်ယူရေး အင်္ဂလန် အသင်းကြီးအများ အပြိုင် ကြိုးပမ်းကြဖွယ်

alt

ရီကာဒို ကာကာ လက်သစ်ဟု တင်စား ခေါ်ဆိုခြင်း ခံနေရသည့် ဘရာဇီး လူငယ်ကြယ်ပွင့် ကစားသမားလေး အား ချဲလ်ဆီးက ခေါ်ယူရန် ကြိုးပမ်းနေ သော်လည်း မန်ချက်စတာ ယူနိုက်တက် နှင့် အာဆင်နယ် တို့ကပါ

မျက်ခြေမပြတ် စောင့်ကြည့် နေသဖြင့် ခဲယဉ်းနေကြောင်း သိရှိရသည်။

အသက် (၁၅)နှစ် အရွယ် လူးကပ်စ် ပီယာဇွန်သည် (၂၀၀၇)ခုနှစ်၊ ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် ဘရာဇီး ကွင်းလယ် ဗိသုကာ ကာကာ နှင့် နှိုင်းယှဉ်ခြင်း ခံထားရသူ ဖြစ်သည်။

ဆောပေါလ်လို အသင်း တိုက်စစ်မှူးလေးသည် အသက် (၁၅)နှစ်အောက် တောင်အမေရိက ချန်ပီယံ ဘောလုံးပြိုင်ပွဲတွင် ဘရာဇီးအတွက် စွမ်းစွမ်းတမံ ခြေစွမ်းပြကာ အုပ်စုပွဲစဉ် (၄)ပွဲ အတွင်း (၈)ဂိုး သွင်းပေး ခဲ့သည်။

ချဲလ်ဆီး ၏ တောင် အမေရိကန် သွေးသစ် ရှာဖွေရေး ကင်းထောက်ဖြစ်သူ ပိဒီဗစ်ဆာ သည် ပီယာဇွန်၏ ခြေစွမ်းကို ဘရာဇီးက အိမ်ရှင် ဘိုလီးဗီးယား အား (၄-၁)ဖြင့် အနိုင်ရသော ပွဲတွင် အနီးကပ် လေ့လာခဲ့ပြီးနောက် အပြည့်အဝ ထောက်ခံချက် ပေးသွားခဲ့သည်။

ချဲလ်ဆီးသည် ယခုအခါ ပီယာဇွန် အတွက် ဆောပေါလ်လို နှင့် ဆွေးနွေးရန် စတင် စီစဉ်နေသော်လည်း ယူနိုက်တက် နှင့် အာဆင်နယ် တို့ကပါ ထိုကိစ္စကို စိတ်ဝင်စား နေသဖြင့် ရတက်မအေးနိုင် ဖြစ်နေရသည်။ ပီယာဇွန်သည် မန်ချက်စတာမြို့၊ Nike လူငယ် လေ့ကျင့်ရေး စခန်းတွင် ၎င်း၏ ဘောလုံးကျွမ်းကျင်မှု အရည်အသွေးများကို ပြသခဲ့ရာ အခြားသော အင်္ဂလိပ် ကလပ် အသင်းများမှ သွေးသစ် ရှာဖွေရေး ကင်းထောက် အတော်များများ ကပါ မျက်စိကျနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here