ကမ္ဘာပျက် ဇာတ်လမ်း 2012 အမေရိကား တိုက်တွင် ရုံဝင်ကြေး အမြင့်ဆုံးဖြစ်နေ

alt

ကမာ္ဘပျက်မှု အကြောင်းကို စိတ်ကူးယဉ် ရိုက်ကူးထားသည့် 2012 ဇာတ်ကား သည် အမေရိက တိုက်၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိသော ဇာတ်ကားများ စာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိ လာကြောင်း သိရှိရသည်။

နိုဝင်ဘာ (၁၃)ရက် နေ့က စတင် ရုံတင်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ကမာ္ဘ ပျက်သော အကြောင်းအရာကို ရိုက်ကူး ထားသည့် ဇာတ်ကားမှာ နှစ်ရက် အတွင်း ဒေါ်လာ (၆၅)သန်း ရရှိခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော လပေါင်း များစွာ ကတည်းက ပြသခဲ့သည့် ကြော်ညာ Trailer ၏ ဆွဲဆောင်မှုကြောင့် အမှန်တကယ် ဇာတ်ကား ရုံတင် ချိန်တွင် ကြီးကြီးမားမား အောင်မြင်မှု များ ရခဲ့ခြင်း ဖြစ်သည်။ Sony က တာဝန်ယူ ထုတ်လုပ်သော ဇာတ်ကား ၏ ယခုဝင်ငွေ ပမာဏသည် ကနေဒါ နှင့် အမေရိကန် နှစ်နိုင်ငံမှ ရုံဝင်ကြေး များကိုသာ တွက်ချက် ဖော်ပြထားခြင်း ဖြစ်သည်။

နေဆွဲအား မညီမျှမှုကြောင့် စကြာဝဠာ ပျက်သုဉ်းကာနီး အခြေအနေ ဖြစ်ပေါ် လာပုံကို အခြေခံထားသည့် ယင်းရုပ်ရှင်အား ဒါရိုက်တာ ရိုလန် အမ်မစ်ချ် က လက်စွမ်းပြ ရိုက်ကူ ခြယ်မှုန်းထားခြင်း ဖြစ်သည်။

၎င်းသည် ယခင်ကလည်း သဘာဝ ဘေးဆိုးကြီးများကို ဖော်ကျူးသည့် ရုပ်ရှင်များကို ရိုက်ကူးခဲ့ဖူးသည်။ ယခု ရုပ်ရှင်ကို ဒေါ်လာသန်း (၂၀၀)ကျော် အကုန်အကျခံ ရိုက်ကူး ထားကြပြီး၊ အမြတ်အစွန်း ကြီးမားစွာ ရရှိနိုင်ရန် စီစဉ်သူများက မျှော်လင့် ထားကြသည်။

လေ့လာသူ များကမူ ကမာ္ဘ့စီးပွား ပျက်ကပ်ကြောင့် လက်မှတ် ရောင်းချရမှု ပမာဏသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက (၅) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဝေဖန်သုံးသပ် ခဲ့ကြသည်။ 2012 ကို စတင် ရုံတင်ပြီးနောက် ဒစ္စနေ၏ A Christmas Carol ဇာတ်ကားမှာ ဒေါ်လာ (၂၂.၃)သန်းဖြင့် ဒုတိယနေရာသို့ ဆင်းသွားပြီး ဂျော့ရှ်ကလူးနေးလ် ပါ၀င်သော The Men Who Stare At Goats မှာ တတိယ နေရာတွင် ဒေါ်လာ (၆.၂)သန်းဖြင့် ရပ်တည် နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here