ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတ အိုဘားမား တောင်းဆိုလိုက်

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမားသည် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံစဉ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ် ပေးရန် တောင်းဆိုခဲ့ကြောင်း

သိရှိရသည်။

အိုဘားမား နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန် တို့သည် နိုဝင်ဘာ (၁၅)ရက် နေ့က စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံ အစည်းအဝေး အတွင်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ အိုဘားမားသည် ၎င်း လက်ထက်တွင် အမေရိကန်၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ပျော့ပြောင်းသော အနေအထားသို့ ပြောင်းလဲခဲ့သော်လည်း မြန်မာ စစ်အစိုးရ ခေါင်းဆောင် တဦး ဦးနှင့်မျှ တွေ့ဆုံခဲ့ဖူးခြင်း မရှိသေးပေ။

ယင်းတို့ နှစ်ဦးသည် အစည်းအဝေး အတွင်း (၄)ခုံ မျှသာခြားပြီး ထိုင်ခဲ့ကြပြီး၊ ယင်း အစည်းအဝေးသို့ အရှေ့တောင် အာရှ (၁၀)နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။ သမ္မတ အိုဘားမားသည် ဗိုလ်ချုပ်ကြီး သိန်းစိန်အား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ဆိုသည်။

သမ္မတ အိုဘားမား လက်ထက်တွင် ယခင် သမ္မတဟောင်း ဘုရှ် လက်ထက်က ကျင့်သုံးခဲ့သည့် တင်းမာသော နိုင်ငံခြားရေး ၀ါဒကို စွန့်လွှတ်ပြီး မြောက်ကိုရီးယား၊ မြန်မာ စသည့် အထီးကျန် နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးစားလာသလို ရုရှားနှင့်လည်း လက်နက်အင်အား ထိန်းချုပ်ရေး အပါအဝင် အခြားသော လုပ်ငန်းများအတွက် ညှိနှိုင်းမှုများ ဆောင်ရွက်ရန် ကြိုးပမ်းလျှက် ရှိကြောင်း စင်္ကာပူမှ လာသော သတင်းများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here