မြန်မာနိုင်ငံတွင် လာမည့် ၄လအတွင်း ကျွတ်ကျွတ်အိတ် ထုတ်လုပ်မှု အပြီးသတ် ရပ်ဆိုင်းရမည်

alt

မြန်မာနိုင်ငံမှ အာဏာပိုင် များသည် လာမည့် ၄လ အတွင်း ကျွတ်ကျွတ် အိတ် ထုတ်လုပ်မှု လုပ်ငန်းများ ရန်ကုန် မြို့အတွင်း အပြီးသတ် ရပ်ဆိုင်းနိုင်ရန် ဆောင်ရွက် နေကြကြောင်း

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဌာန၏ အဆိုအရ သိရှိရသည်။

နိုဝင်ဘာ လကုန်တွင် နောက်ဆုံးရက် သတ်မှတ် ပေးထားသည့် ပလတ်စတစ် အိတ်၊ ကျွတ်ကျွတ်အိတ် လုပ်ငန်းများ ဆက်လက် လည်ပတ်နေခြင်း ရှိ / မရှိကို ထို(၄)လ အတွင်း စစ်ဆေးသွားမည် ဖြစ်သည်။

ရန်ကုန်တွင် ပလတ်စတစ်နှင့် ကျွတ်ကျွတ်အိတ် လုပ်ငန်း စုစုပေါင်း (၁၄၆)ခု ရှိပြီး တနေ့လျှင် တန်(၂၀၀)ကျော် ရှိသော ကျွတ်ကျွတ်အိတ် များကို ထုတ်လုပ်လျှက် ရှိနေသည်။ မြန်မာ နိုင်ငံသည် ကျွတ်ကျွတ်အိတ် သုံးစွဲမှု ပမာဏကို ယခုနှစ် အတွင်း ထက်ဝက်အထိ လျှော့ချထားနိုင်ခဲ့ပြီး မန္တလေး၊ ပုဂံနှင့် နေပြည်တော် မြို့များတွင် ပါးလွှာသေးငယ်သည့် တခါသုံး ကျွတ်ကျွတ်အိတ်များကို လုံးဝ မထုတ်လုပ်ရန် ပိတ်ပင် ထားခဲ့ပြီး ဖြစ်သည်။

ကျွတ်ကျွတ်အိတ်သည် ဆွေးမြေ့ရန် ခက်ခဲပြီး ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက် စေတတ်သဖြင့် မလွှင့်ပစ်ဘဲ အခါခါ ပြန်လည် အသုံးပြုကြရန် တာဝန်ရှိသူ များက တိုက်တွန်း နှိုးဆော်ထားသည်။ လေ့လာသူများက ယခုအခါ ပြည်တွင်းရှိ ကျွတ်ကျွတ်အိတ် သုံးစွဲမှု ပမာဏသည် တစထက် တစ လျော့ကျ လာနေကြောင်း သုံးသပ်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် သေးငယ်ပြီး ပါးလွှာသော တခါသုံး ကျွတ်ကျွတ်အိတ် များကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိရာ ပတ်ဝန်းကျင် ရင်းမြစ်များကို ဆိုးကျိုးများ ပြင်းပြင်းထန်ထန် သက်ရောက် စေနိုင်ဖွယ် ရှိနေသောကြောင့် တာဝန်ရှိသူများက ယခုလို ကျွတ်ကျွတ်အိတ် ထုတ်လုပ်မှုနှင့် အသုံးချမှု များကို တားမြစ်ရန် အင်တိုက်အားတိုက် ကြိုးစားလာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here