ပထမဆုံး အာရပ် ဘာသာသုံး ဒိုမိန်း စတင်မည်

alt

ပထမဆုံး အာရပ် ဘာသာသုံး အင်တာနက် Domain အမည်ကို အီဂျစ် နိုင်ငံက စတင်တော့မည် ဖြစ်သည်။ နိုဝင်ဘာ (၁၆)ရက် နေ့တွင် မှတ်ပုံတင် ခဲ့သည့် ယင်းအမည်ကို အီဂျစ် ဆက်သွယ်ရေး ၀န်ကြီးဌာန

က ပိုင်ဆိုင်မည် ဖြစ်သည်။ ယင်း ၀ဘ်ဆိုဒ်သို့ ၀င်ရောက်လိုသူ များသည် Keyboard မှတဆင့် .msr ဟု Domain နာမည်တွင် ရိုက်သွင်းရမည် ဖြစ်ပြီး ယင်း စာလုံးများသည် အာရေဗီယျ ဘာသာစကားအရ အီဂျစ်ဟု အဓိပ္ပါယ်ရသော စာလုံးကို မြင်တွေ့ရမည် ဖြစ်သည်။

ပြီးခဲ့သည့် လက အင်တာနက် Domain အမည်များ သတ်မှတ်ရေးကို တာဝန်ယူ ထားသည့် ICANN အဖွဲ့သည် အင်္ဂလိပ် ဘာသာအပြင် အခြားသော တရုတ်၊ ကိုရီးယား နှင့် ကမာ္ဘ့နိုင်ငံ အသီးသီးမှ ဘာသာရပ်များဖြင့် Domain အမည် သတ်မှတ်ခွင့် ပေးရန် ဆုံးဖြတ် ခဲ့သည်။

အီဂျစ် နိုင်ငံသည် အာရပ်ကမာ္ဘမှ နိုင်ငံ အားလုံးအနက် အာရပ်ဘာသာ အသုံးပြု Domain ကို စတင် တည်ထောင်နိုင်ခြင်း အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ စစ်တမ်းများ အရ အာရပ်နိုင်ငံများ အားလုံးရှိ အင်တာနက် သုံးစွဲသူ အားလုံး၏ (၆၅) ရာခိုင်နှုန်းသည် အင်္ဂလိပ် ဘာသာကို တတ်မြောက်ခြင်း မရှိဘဲ အာရပ် ဘာသာသုံး ၀ဘ်ဆိုဒ်များကိုသာ ကြည့်ရှုလေ့ ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here