မက္ကစီကို တိုက်စစ်မှူး နှလုံးရောဂါကြောင့် ဂရိနိုင်ငံတွင် ရုတ်တရက် သေဆုံး

alt

အန်တိုနီယို ဒီနီဂရစ် သေဆုံး သွားခြင်း ကြောင့် ဘောလုံးလောကသို့ နှလုံး ရောဂါ၏ ခြိမ်းခြောက်မှု အား တကျော့ပြန် အာရုံစိုက် လာကြပြီ ဖြစ်သည်။

မက္ကစီကို လက်ရွေးစင်ဟောင်း နီဂရစ် သည် ဂရိနိုင်ငံတွင် နိုဝင်ဘာ (၁၆)ရက် နေ့က ရုတ်တရက် နှလုံး ဖောက်ပြန် ခြင်းကြောင့် ကွယ်လွန် သွားခဲ့ပြီ ဖြစ်သည်။

အသက် (၃၁)နှစ် အရွယ်ရှိ နီဂရစ်သည် မက္ကစီကို အတွက် (၁၆)ပွဲ ကိုယ်စားပြု ပေးခဲ့ဖူးသော်လည်း ဂရိတွင်သာ အနေများသူ ဖြစ်သည်။ မွန်ထရီကလပ် အသင်း၏ ဥက္ကဌဖြစ်သူ ဂျော့အာ ဒီလက် က နီဂရစ် သေဆုံးကြောင်း သတင်းကို အတည်ပြု ပေးခဲ့သည်။

နီဂရစ်သည် လာမည့် အယ်ဒို နှင့် ပွဲစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် ရုတ်တရက် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။ နီဂရစ်၏ ညီ အယ်ဒိုဒီ နီဂရစ် သည်လည်း မွန်ထရယ်အသင်း၏ ကစားသမား တဦးပင် ဖြစ်သည်။

နီဂရစ် မတိုင်မီက နှလုံးရုတ်တရက် ဖောက်ပြန်ခြင်းကြောင့် သေဆုံး သွားသော ဘောလုံးသမားများ ရှိခဲ့ပြီး ကင်မရွန်း လက်ရွေးစင် ဗီဗီယန်ဖိုး ကွင်းထဲတွင် ရုတ်တရက် လဲကျ သေဆုံးခြင်းမှာ တကမာ္ဘလုံးမှ ဘောလုံး ၀ါသနာအိုးများကို ချောက်ခြားစေ ခဲ့သည်။

ပြီးခဲ့သည့် နှစ်ကလည်း စပိန် ကစားသမား ပျူအာတာသည် ဆီဗီးအသင်း နှင့် လေ့ကျင့်ခန်း ဆင်းနေစဉ် ရုတ်တရက် နှလုံး ဖောက်ပြန်ကာ သေဆုံး သွားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here