ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများ Upload တင်မှုကြောင့် ဘလော့ဂ်ဂါတဦး ထောင်ဒဏ်များစွာ ချမှတ် ခံရဖွယ်ရှိ

alt

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်း ရိုက်ကူး ခဲ့သော မှတ်တမ်း ဓာတ်ပုံ များကို အင်တာနက်တွင် Upload တင်ခဲ့ မှုကြောင့် မြန်မာ နိုင်ငံမှ

Blogger တဦးသည် ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံရရန် နီးစပ်နေကြောင်း သိရှိ ရသည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့သည် ကိုဝင်းဇော်နိုင် လွတ်မြောက်ရေး နှင့် အခြားသော အဖမ်းဆီးခံ Blogger များအား လွှတ်ပေးရေး တို့အတွက် မြန်မာ စစ်အစိုးရထံ တောင်းဆိုလျှက် ရှိသည်။ နိုင်ငံတကာ အနေနှင့် မြန်မာ့အရေးကို ညင်သာစွာ ကိုင်တွယ် ဖြေရှင်းရန် ကြံစည် နေခြင်းအား အခွင့်ကောင်း ယူကာ မြန်မာ စစ်အစိုးရသည် နိုင်ငံတွင်း မတရား ဖိနှိမ်မှုများ ပြုလုပ်နေကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့က ပြောဆိုလိုက်သည်။

လွတ်လပ်သော သတင်းပြန်ကြားမှု မရှိဘဲ လာမည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတသည်ဟု မည်သို့မျှ သတ်မှတ်နိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့၂ဖွဲ့က ဆက်လက် ပြောကြားသွားခဲ့ပြီး၊ ကိုဝင်းဇော်နိုင်သည် အသက် (၂၄)နှစ်သာ ရှိသေးပြီး ပြီးခဲ့သော သီတင်းပါတ်များ အတွင်း ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်တွင် ရဲများက လာရောက် ဖမ်းဆီးသွားမှုကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် ရှေ့နေများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့သေးပဲ၊ ကိုဝင်းဇော်နိုင် သည် မြန်မာ စစ်အစိုးရ ပြဌာန်းထားသော အီလက်ထရောနစ် ဥပဒေအရ ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံ ရဖွယ်ရှိနေပြီး ၎င်းသည် http://shwenyarthar.co.cc အမည်ရှိ ဘလော့ဂ် ၀ဘ်ဆိုဒ်တွင် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများအား Upload တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here