အိုဘားမား ၏ ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်

alt

အ‌မေရိကန် သမ္မတ ဘားရက် အိုဘားမား ဟာ သူရဲ့ ပထမဆုံး ဂန္တဝင် မြောက် အာရှ ခရီးစဉ်မှာ တတိယ မြောက်နိုင်ငံ အဖြစ် တရုပ်နိုင်ငံနဲ့ နိုင်ငံရေး ချိန်ခွင်ညှာငြိဖို့ 

‌ရှန်ဟိုင်း ပူဒေါင်း လေဆိပ်ကို တနင်္လာနေ့ အစောပိုင်း မှာ ရောက်‌ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ရှန်ဟိုင်းရှိ ဇီဂျောင်း နိုင်ငံတော် ဧည့်ဂေဟာမှာ ခရီးတထောက် တည်းခို နေပြီး ရောက်ပြီး နာရီဝက် အကြာမှာ ရှန်ဟိုင်း မြို့တော်ဝန်နဲ့ နေ့လည်စာ စားသောက်ပါတယ်။ ဒီမတိုင်ခင် တရုတ် ‌အစိုးရ နဲ့ အဆင်‌မ‌ပြေ ဖြစ်နေတဲ့ တိဘက် ဘုန်‌း‌တော်‌ကြီး ဒလိုင်‌းလားမားကို ‌တွေ့ဆုံဖို့ ရက်‌‌ရွေ့ဆိုင်းခဲ့ခြင်းကို သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ တရုပ် အစိုးရက ‌ ကြေနပ်ခဲ့ခြင်းကို ရယူ နိုင်ခဲ့တယ်လို့ တရုပ်အစိုးရ သတင်‌းမီဒီယာ ရေးသား ဖေါ်ပြခဲ့ကြတယ်။

အမေရိကန်နဲ့ တရုပ် ကုန်‌သွယ်‌‌ရေးနှင့် ပတ်‌သက်‌ရင် လိပ်ခဲတင်းတင်း ဖြစ်နေတဲ့ သမ္မတ အိုဘားမားကို တရုတ် ‌အစိုးရက ကြေနပ်နိုင်မှာ မဟုတ်ဖူးလို့ ရှန်ဟိုင်းထုတ် သတင်းစာ တစောင်က ရေးသားထားပါတယ်။ အမေရိကန်ဟာ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ အနေနဲ့ တရုပ်ထုတ် ပစ္စည်းတွေထဲက တာယာတွေ၊ သံ၊ သံမဏိ ပိုက်လိုင်းတွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းဖို့ တာမြစ်ခဲ့ဖူးပါတယ်။

ကမာ္ဘ့ငွေကြေး အကြပ်အတည်းကြောင့် တရုတ်နိုင်ငံမှ ချေးငွေ အတော်များများ အမေရိကန် ရယူထာတာကို တာဝန်သိသိ ပြန်ဆပ်နိုင်ဖို့ တရုတ်က ပြောဆိုဖူးပြီး၊ တရုတ် နိုင်ငံသားတွေ အနေနဲ့ စီပွားရေး ဖွံ့ဖြိုး ဆူထွားလာပြီး မဟာ အင်အားကြီးနိုင်ငံ ဖြစ်လာမှာကို အမေရိကန်တွေ အနေနဲ့ မနာလို မရှုစိမ့် ဖြစ်နေကြတယ်လို့ ရှန်ဟိုင်းဒေးလီး သတင်းစာမှာ ရေးသားထားပါတယ်။

ဆက်လက်ပြီး တရုတ်နဲ့ အိုဘာမားဟာ မြောက်ကိုရီးယား နျူကလီးယား အရေး၊ အီရန် နိုင်ငံ ယူရေနီယမ် အရေးနှင့် ဒေသတွင်း နိုင်ငံတွေမှာ လူ့အခွင့်ရေး ချိုးဖေါက်မှု ဆိုင်ရာ ကိစ္စရပ်တွေကို နောက်ဆက်သွားမဲ့ ဘေဂျင်းမှာ ထိပ်သီးပိုင်းတွေနဲ့ ပြောဆိုနိုင်တယ်လို့ အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here