မာရာဒိုနာ အား ဖီဖါမှ ဘော်လုံးနှင့် ပါတ်သက်သော လှုပ်ရှားမှု မှန်သမျှ ပိတ်ပင်လိုက်

alt

ကမာ္ဘဂန္တဝင် ဘော်လုံးသမား တဦးနှင့် လက်ရှိ အာဂျင်းတီးနားနိုင်ငံ အမျိုးသား ဘော်လုံးအသင်း နည်းပြချုပ် မာရာဒိုနာ အား ကမာ္ဘ့ ဘော်လုံး အဖွဲ့ချုပ်မှ ယနေ့မှ စတင်ကာ ဘော်လုံးနှင့်

ပါတ်သက်သော လှုပ်ရှားမှု မှန်သမျှကို ၂လတာ ပိတ်ပင်လိုက်သည်။

ထို့ကြောင့် မာရာဒိုနာမှာ ကမာ္ဘ့ဖလား တွင် နည်းပြအဖြစ် ဆောင်ရွက် ခွင့်လည်း လွဲချော်သွားမည် ဖြစ်သည် ဟု ဇူးရစ်မှ လာသော သတင်းများအရ သိရှိရသည်။

၂၀၁၀ တောင်အာဖရိက နိုင်ငံတွင် ပြုလုပ်မည် ဖြစ်သော ကမာ္ဘ့ဖလား ခြေစစ်ပွဲ အာဂျင်တီးနား အသင်း အောင်မြင်အပြီး နည်းပြဖြစ်သူ မာရာဒိုနာ ပြောဆိုလိုက်သော ကိုယ်နှုတ် အမူရာအား လူကြီး လူကောင်း မဆန်ဟု သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းဟု သိရှိရပြီး လာမည့် ဒီဇင်ဘာလ ၁၆ရက် နေ့တွင် ချက်ကို စလိုဗေးကီးယား နှင့် အာဂျင်တီးနားတို့ တွေ့ဆုံမည့် ပွဲအစီစဉ်တွင် စတင် အကျိုးသက်ရောက်ပြီး ဖီဖါအား ဒဏ်ငွေ ဒေါ်လာ ၂၄၂၅၀ ပေးဆောင် လိုက်ရသည်ဟု သိရှိရသည်။

ထိုစည်းမျဉ်း စည်းကမ်းမှာ အသက်-၄၉နှစ် အရွယ် မာရာဒိုနာ အား ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ရက် နေ့အထိ အကျိုးသက်ရောက် နေခဲ့ပြီ ဖြစ်သည်။ ဖီဖါ၏ ထုတ်ဖေါ် ပြောဆိုချက်အရ ထိုသို့ ပြောဆိုပြီး မိနစ် ၄၀ အကြာတွင် မာရာဒိုနာမှာ ကမာ္ဘ့ဘော်လုံး မိသားစုများ အားလုံးအား မီဒီယာမှ တဆင့် တောင်းပန် လိုက်သော်လည်း ဖီဖါ၏ အသေအခြာ စဉ်စား ဆုံးဖြတ်ချက် များအရ မာရာဒိုနာအား နောင်ထိုသို့ မပြုမူ၍ နောင်တ ရရှိစေရန် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချရခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖေါ်ပြထားခဲ့သည်။

ယခင်က မာရာဒိုနာမှာ သူ၏အိမ်ရှေ့ သတင်းယူရန် စောင့်ဆိုင်းနေသော မီဒီယာများအား သေနတ်နှင့် ထွက်၍ ပစ်ခတ်ခြင်း၊ ကုတ်ကင်း သုံးစွဲခြင်း၊ မီဒီယာ၌ ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းများ ယခင်က ရှိခဲ့ဖူးသူ ဖြစ်သည်။ ယနေ့ အောက်တိုဘာလ ၁၅ရက် နေ့တွင် ဖီဖါ ဋ္ဌာနချုပ်ရှိရာ ဇူးရစ်သို့ မာရာဒိုနာအား ဆင့်ခေါ်လိုက်အပြီး ၂နာရီခွဲခန့် အကြာတွေ့ဆုံ စည်းဝေးပြီး ဤ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခင်လက မွန်တီဗွီဒီယို တွင် အာဂျင်တီးနား အသင်း ဥရုဂွေး အသင်းအား ၁ – ၀ အနိုင်ကန်၍ ခြေစစ်ပွဲ အောင်မြင်သွားသော ပွဲစဉ်အပြီး ပြောဆိုလိုက်သော စကားတခွန်းမှာ ၁၉၈၆ ခုနှစ် ကမာ္ဘဖလား ချန်ပီယံအသင်း၏ ကပ္ပတိန် မာရာဒိုနာအား နောင်တ ကြီးကြီး ရစေသော ဖီဖါ၏ အာတီကယ် ၅၈ ရိုက်ချက်ဟု ဇူးရစ်မှ အေပီ သတင်းထောက် ဂရေဟမ် ဒန်ဘားမှ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here