ကိုလံဘီယာ စားဖိုမှူး သင်တန်းကျောင်းက အချစ်ရမ္မက် အချိုပွဲ

alt

ကိုလံဘီယာ နိုင်ငံ ဘိုဂိုတာမြို့ရှိ စားဖိုမှူး သင်တန်းကျောင်း မှ သင်းတန်းသား များမှ တီထွင်လိုက်သော အချစ်ရမ္မက် ဟူသော အချိုပွဲမှာ ကမာ္ဘကျော် ဗီယာဂရာ ကာမနှိုးဆွ ဆေးနှင့်

ရောယှက်ပြုလုပ် ထားသည်ဟု သိရှိ ရသည်။

ကွင်ဒီယို ပြည်နယ်ရှိ ယင်းကျောင်းမှ တီထွင် ထုတ်လုပ်သေ အချစ်ရမ္မက် အချိုပွဲမှာ ပူတင်းကဲ့သို့ ပြုလုပ်ထားပြီး ရမက်ကြွစေမည့် အသီးအနှံများ နှင့် ဗီယာဂရာ ဆေးတို့ ပါဝင်ရောစပ်ကာ စားစရာ အချိုပွဲအဖြစ် ချော့ကလက် တို့ဖြင့် အလှဆင်ထား သည်ဟု သိရှိရသည်။

ထို စိတ်ကူး စိတ်သန်းကို ရရှိသော စားဖိုမှူး ရှောင် ဆဘာတီးယန် ဂိုမက် မှာ အပြာရောင် ဆေးတောင့် ဟု တင်စား ခေါ်ဝေါ်ကြသော ဗီယာဂရာအား နတ်သုဓ္ဓါလို ပြောင်းလဲ လိုက်တာပါဟု ပြောဆိုသွားခဲ့သည်။

ဆက်လက်ပြီး သူက အမှန်တော့ ဒီအချိုပွဲထဲ ဗီယာဂရာ ဆေး ဘယ်လောက် အထိ လုံခြံုစွာ ပျော်ဝင်နှုန်း ကလည်း အရေးကြီးပါတယ်၊ ဗီယာဂရာ ကာမ စိတ်ကြွဆေးမှာ သာမန်လူများ ပြင်ပတွင် ဆေး အညွှန်းစာဖြင့် လွယ်ကူစွာ ဝယ်၍မရသော ဆေး ဖြစ်သည်။

ယခုမှာလည်း ၂၀၀၉ စားဖိုမှူးများ ဆန်းသစ်တီထွင်သည့် အစားအသောက်များ ပရိုမိုးရှင်း ရှိုးပွဲ အတွက်သာ ပြသခြင်း ဖြစ်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here