ရတနာပုံ သတင်းစာတွင် “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်” ဟု ဖေါ်ပြထားရှိ

alt

နိုဝင်ဘာလ ၁၃ရက်နေ့ မန္တလေးမြို့ ၌ ထုတ်ဝေသော ရတနာပုံ နေ့စဉ် သတင်းစာ၏ စာမျက်နှာ ၁၆တွင် “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟူသော စာစီစာရိုက် စာလုံးကျန်၍  မှားယွင်း ပုံနှိပ်ဖေါ်ပြ ထားသည်ကို တွေ့ရှိ ရသည်။

ယင်း ရတနာပုံ နေ့စဉ် သတင်းစာကို ၁၉၉၂-ခုနှစ်၊ မေလ (၁)ရက် နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် က မန္တလေးမြို့ ၌ စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ ကြိုးကိုင် ထုတ်ဝေသော် သတင်းစာကြီး များတွင် ပုံနှိပ် မှားယွင်းမှု၊ ပုံနှိပ်စာလုံး ဆေးမှင် မခြောက်မီ ပူးခေါက်ထားမှု တို့နှင့် အခြား အခြားသော အကြောင်းရင်း များကြောင့် ပြဿနာ တက်ရ၍ သတင်းစာ တိုက်မှ ဝန်ထမ်းများ ထောင်တန်း ကျခြင်း၊ အသက် အန္တရာယ်ပါ ရင်းနှီး ရလောက်သော အနေအထားများ မကြာခဏ တွေ့ရှိရသည်။

မြန်မာ သတင်းစာများ၏ အမှားများကို ဘလော့ဂ်တခုတွင်  အောက်ဖေါ်ပြပါ အတိုင်း ရေးသားခဲ့ဖူးသည်။ ကုန်းဘောင် ခေတ်က ရတနာပုံသတင်းစာ တခုတွင် နိုင်ငံတကာ သတင်းကဏ္ဍ တခု၌ “ဇာမဏီပြည်ကြီး တွင်….” ဟု သုံးနှုံးထားသဖြင့် ဘယ်နိုင်ငံ ပါလိမ့်ဟု အတော် စဉ်းစား လိုက်ရသည်။ နောက်မှ Germany ကို ဆိုလိုမှန်း နဲနဲရိပ်မိ လာလေသည်ဟု ရေးသား ဖေါ်ပြခဲ့ဖူးသည်။

စစ်အစိုးရ ကြီးစိုးသော ယခင်နှစ် ကာလများ ဖြစ်သော ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာတွင်လည်း ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဓာတ်ပုံ အထက်တွင် “ ကမာ္ဘကျော် လူလိမ်ကြီးများ ” ဟူသော စာလုံးများ ပါရှိသည့် စာတန်းတခု ဆေးမခြောက်မီ မှင်ယွင်းကာ မှားယွင်း ပါရှိသွားခြင်းမျိုး ရှိခဲ့ရာ တာဝန်ရှိသူ ဦးလှဟန် နှင့် ဦးသာဝင်းတို့ မှာ စစ်ကြောရေး စခန်းတွင် စစ်ကြောစဉ် ကွယ်လွန်ခဲ့ရ ဖူးသည်။

ယခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် စတင်သည့် ၁၇ ကြိမ်မြောက် ဆိုကရေးတီး သတင်းလွှာတွင် တပ်မတော်သားများကို “ သားကောင်း ရတနာ ” အစား “ သားကောင်း ရတာနာ ” ဟု ဖော်ပြခြင်းသည် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီး များအား ဒေါသ အမျက်ချောင်းချောင်း ထွက်စေခဲ့သည်ဟု ၀န်ထမ်း အသိုင်းအဝိုင်းကြား တွင် ပြောဆိုကြဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here