ဗင်နီဇွဲလား နိုင်ငံတွင် ဖမ်းဆီးရမိ လက်နက်များ ဖျက်စီး

alt

ကမာ္ဘပေါ်တွင် လူသတ်မှု အမြင့်မားဆုံး နိုင်ငံတခု အဖြစ် မှတ်တမ်းဝင် နေသည့် ဗင်နီဇွဲလားတွင် သေနတ်အလက်ရေ ၃သောင်း ကျော်ကို ယမန်နေ့က ဖျက်ဆီး ပစ်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာ (၁၁)ရက် နေ့က ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းရာမှ ဖမ်းဆီးရမိသော ယင်း လက်နက်များကို စုစည်း ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ ပြောင်းတိုသေနတ် နှင့် ပစ္စတိုများ အပါအဝင် သေနတ်များကို မီးလောင် တိုက်သွင်း ဖျက်ဆီးခဲ့သလို အပိုင်းပိုင်း ဖြတ်ပစ်မှုများလည်း ပြုလုပ်ခဲ့သည်။

လက်နက်များ အနက် အိမ်လုပ် ပစ္စတိုများလည်း ပါ၀င်ခဲ့ပြီး စုစုပေါင်း အလေးချိန် (၅)တန် ရှိကြောင်း ပြည်ထဲရေးဝန်ကြီး တာရက် အယ်အိုက်စာမီ က ပြောကြား သွားခဲ့သည်။ ၎င်းက မိမိတို့ ရဲတပ်ဖွဲ့သည် စီးနင်း တိုက်ခိုက်မှုများ အတွင်း ယင်း လက်နက်များကို သိမ်းပိုက် လာခဲ့ခြင်း ဖြစ်ကြောင်း ရုပ်မြင်သံကြား မှတဆင့် အတည်ပြု ပြောဆိုခဲ့သည်။

ထို လက်နက်များကို သိမ်းဆည်းလာသည့် ရဲတပ်ဖွဲ့ဝင် များကို လိုအပ်သလို ဂုဏ်ပြု ရာထူးတိုးမှုများ ပြုလုပ် ပေးထားကြောင်းလည်း ၀န်ကြီးက ဆိုသည်။ ဗင်နီဇွဲလား နိုင်ငံသည် တရားမဝင် လက်နက် ပြဿနာများနှင့် ရင်ဆိုင်နေရပြီး (၂၀၀၇) ခုနှစ်အတွင်း လူသတ်မှု (၁၃၀၀၀) ကျော် ဖြစ်ပွား ခဲ့ရသည်။

ဗင်နီဇွဲလား၏ လူသတ်မှု ဖြစ်ပွားနှုန်းသည် အမေရိကန် နိုင်ငံထက် (၈)ဆ များပြီး၊ သမ္မတ ဟူဂိုချားဗက် လက်ထက်တွင် ရာဇဝတ်များ ပိုမို ထူပြောလာပြီး ၎င်းသည် ဆင်းရဲမှုကို တိုက်ဖျက် လျှော့ချသွားရန် အဓိက အာရုံစိုက် နေသော်လည်း လူသတ်မှု အရေအတွက် မြင့်မားလာခြင်းကို ထိန်းချုပ်နိုင်ရေး ယခုတိုင် မအောင်မြင် နိုင်သေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here