Pirate ဂိမ်း ဆော့ကစားပါက Microsoft Service များ ရုတ်သိမ်းမည်ဟု သတိပေး

alt

Microsoft  က Pirate ဂိမ်းများအား ဆော့ကစား နေကြောင်း သိရှိပါက မိမိတို့ ပေးထားသည့် Service များကို ရုတ်သိမ်းမည် ဖြစ်ကြောင်း ၎င်း၏ ထုတ်ကုန် Xbox 360 ဂိမ်းစက် ၀ယ်ယူ

ထားသူများအား သတိပေးမှု ပြုလုပ် ခဲ့သည်။

လိုင်စင်ဖြင့် ၀ယ်ယူခြင်း မဟုတ်သော တရားမဝင် Pirate ဂိမ်း ကစားသူ ထောင်ဂဏန်းမျှကို တွေ့ရှိရပြီးနောက် Software ထုတ်လုပ်ရေး ကုမ္မဏီ ကြီးက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အကယ်၍ Xbox 360 ဂိမ်းစက် ၀ယ်ယူထားသူ တဦးသည် တရားမဝင် ကော်ပီဂိမ်းများ ကစားနေကြောင်း တွေ့ရှိပါက ၎င်းတို့ ထောက်ပံ့ပေးထားသည့် Live Service ကို ချက်ချင်း ရပ်ပစ်မည်ဟု Microsoft က ဆိုသည်။

သို့သော်လည်း Microsoft က ပိတ်ပင်ထားခြင်းကို ခံရသည့် ဂိမ်းကစားသူ များသည် အင်တာနက်နှင့် ချိတ်ဆက်ခြင်း မပြုဘဲမူ ဆက်လက် ကစားနေနိုင်မည် ဖြစ်သည်။ ကမာ္ဘတဝှမ်းမှ Xbox 360 ဂိမ်း ကစားသူ သန်း(၂၀)မျှရှိသည့် အနက် Microsoft ၏ ဝဘ်ဆိုဒ်နှင့် ချိတ်ဆက်မှုများ ပြုလုပ်နေပြီး Microsoft သည် Digital Rights Management (DRM) နည်းပညာကို အသုံးပြုကာ Pirate များကို ထောက်လှမ်း ဖော်ထုတ်လျှက်ရှိသည်။

Microsoft က ယခု ကြေညာချက်ကြောင့် ထိခိုက်နိုင်သော ပမာဏသည် အလွန်နည်းပါးသည့် ပမာဏမျှသာ ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားလိုက်ပြီး၊ အကယ်၍ လူတဦးသည် Xbox 360 ဂိမ်းစက်ဖြင့် Pirate ဂိမ်းတခုအား ကစားမိကြောင်း ကုမ္မဏီက သိရှိသည်နှင့် Warranty ပယ်ဖျက်ခံရမည် ဖြစ်ကာ Live Service ထာဝရ ရုတ်သိမ်းခံရမည်ကို သတိပြုသင့်ကြောင်း Microsoft က ရာဇသံ ပေးလိုက်သည်။

Xbox ဂိမ်းများကို Microsoft က (၂၀၀၂) ခုနှစ်တွင် စတင်ရောင်းချခဲ့ပြီး Xbox 360 မှာမူ (၃)နှစ်ကြာမှ ဈေးကွက်ထဲ ရောက်လာခြင်း ဖြစ်သည်။ Microsoft သည် ကမာ္ဘနှင့်အဝှမ်း Xbox 360 ဂိမ်းစက် (၃၄)သန်းကျော် ရောင်းချထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here