မိန်းကလေးများနှင့် အဆင်မပြေခြင်း အပေါ် မီဂန်ဖော့စ် နားမလည်နိုင် ဟုဆို

alt

သူမ ဘဝတလျှောက် မိန်းကလေး များနှင့် အစေး မကပ်ခဲ့ခြင်း အပေါ် နားမလည် နိုင်ကြောင်း မီဂန်ဖော့စ် က ၀န်ခံ လိုက်သည်။ အသက် (၂၄)နှစ်ရှိ Transformers ဇာတ်ကား မင်းသမီးက

သူမ ငယ်စဉ် ကတည်းက မိန်းကလေး သူငယ်ချင်း အလွန် နည်းပါးပြီး မိန်းကလေး များက သူမနှင့် မပေါင်းလို ကြကြောင်း၊ သူမ၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့ပင် ခံစားရကြောင်း ပြောကြား ခဲ့သည်။

သူမသည် ဆွဲဆောင်မှုရှိသူ တဦးအဖြစ် အသက် (၁၈)နှစ် ကတည်းက သတ်မှတ် ခံခဲ့ရသော်လည်း ထို အခြေအနေ ကပင် မိန်းကလေးချင်း မနာလို ဖြစ်စေသည်ဟု ထင်မှတ် မိကြောင်း ဖော့စ် က ဆိုသည်။

ကမာ္ဘပေါ်တွင် ညှို့အား အပြင်းဆုံး အမျိုးသမီး တဦးအဖြစ် သတ်မှတ် ခံရသော မင်းသမီးသည် ယခင် ကတည်းက သူမ ငယ်ဘဝ သူငယ်ချင်း များသည် ယောက်ျားလေး များသာ ဖြစ်ကြောင်းနှင့် ယခု အချိန်ထိ အနုပညာ လောကမှ မိတ်ဆွေများတွင် မင်းသမီးများကို ခင်ခင်မင်မင် ပေါင်းသင်းခြင်း မရှိကြောင်း ပြောဆိုခဲ့ဖူးသည်။

သို့သော်လည်း မင်းသမီး တယောက်ဘဝ ရောက်လာချိန် တွင်မူ အခြားသော မိန်းကလေးများနှင့် ဆက်ဆံရေး ကောင်းမွန်လာအောင် သတိထား ဂရုစိုက် လာခဲ့ကြောင်း ဖော့စ်က ပြောကြားခဲ့သည်။

သူမ အနေနှင့် တခါတရံ မိမိကိုယ်ကို ယောက်ျားလေးစိတ် ၀င်နေပြီဟုပင် ထင်မှတ် ခဲ့မိကြောင်း၊ မိမိသည် မိန်းကလေး များနှင့် မည်သည့် အကြောင်းကြောင့် မျက်နှာကြော တည့်လေ့ မရှိသည်ကို စဉ်းစားရ ခက်နေကြောင်း ယခု အပါတ်ထုတ် နယူးယောက်တိုင်းမ် မဂ္ဂဇင်းတွင် ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here