ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် ဟီလာရီကလင်တန် ထပ်မံ တောင်းဆိုလိုက်ပြန်

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာ စစ်အစိုးရ အနေနှင့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် ထပ်မံ တောင်းဆို လိုက်ကြောင်း သိရှိရသည်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား နှင့် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် ရက်ပိုင်း အလိုတွင် ဖိလစ်ပိုင်သို့ ရောက်ရှိနေသည့် ဟီလာရီက ယခုလို တရားဝင် တောင်းဆိုမှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

မိမိတို့ အနေနှင့် ဒေါ်အောင်ဆန်းစုကြည် ကို ချုပ်နှောင် ထားခြင်းမှာ လက်ခံ နိုင်စရာမရှိဟု ယူဆကြောင်း မနီလာမြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တခုအတွင်း ဟီလာရီက ပြောဆိုသွားခဲ့သည်။ သူမသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀)အတွင်း အချိန် အတော်များများကို နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဘဝဖြင့် ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရသူ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မြန်မာ့အရေး ကိစ္စများအတွက် ဟီလာရီသည် ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ မာကာပါဂေါ အာရိုယို၊ နိုင်ငံခြားရေးဝန်ကြီး အယ်ဘာတို ရိုမူလို တို့နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးကြောင်း သတင်းထောက် များထံ ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာ စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တခုကို လာမည့်နှစ်အတွင်း အောင်မြင်စွာ ဦးဆောင် ကျင်းပပေးရန် တောင်းဆိုလိုကြောင်း ဟီလာရီ က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here