ချဲလ်ဆီး တို်က်စစ်မှူး ဒရော့ဘာ ဆေးရုံ ဆောက်လုပ် လှူဒါန်းမည်

alt

ချဲလ်ဆီး အသင်း တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာသည် သူ၏ ဇာတိမြေတွင် ပေါင်၃သန်းတန် ဆေးရုံတခု ဆောက်လုပ် လှူဒါန်း သွားမည်ဟု  အင်္ဂလန် နေ့စဉ်ထုတ် သတင်းစာကြီး တစောင်အား ပြောကြား လိုက်သည်။

အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူးသည် ၎င်း၏ မွေးရပ်မြေတွင် ဆောက်လုပ်မည့် ဆေးရုံအား (၂၀၁၀) ခုနှစ်တွင် အပြီးသတ်ရန် မျှော်လင့်နေပြီး ချဲလ်ဆီး အသင်းကလည်း ဒရော့ဘာ၏ ပေါင်(၃)သန်းတန် အလှူဒါန အတွက် ပါ၀င် လှူဒါန်းမည်ဟု ကတိပြု ထားလိုက်သည်။

ဒရော့ဘာသည် ၎င်း၏ ဇာတိမြို့လေး ဖြစ်သည့် အဘီဂျန်မှ ဆေးရုံတခုသို့ ရောက်ရှိခဲ့ရာမှ ယခုကဲ့သို့ မွန်မြတ်သော အလှူတခု ပြုလုပ်ရန် စဉ်းစားလာမိခြင်း ဖြစ်သည်။ အသက် (၃၁)နှစ် အရွယ် တိုက်စစ်မှူးသည် ဒီဒီယာ ဒရော့ဘာ ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ကုတင် (၂၀၀)ဆန့် ဆေးရုံအတွက် ကြိုးစားအားထုတ် ဆောင်ရွက်လျှက် ရှိသည်။

၎င်းသည် လွန်ခဲ့သော ၂နှစ် ကတည်းက ယင်းကိစ္စကို စဉ်းစား နေခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည် မပေါ်ခဲ့ကြောင်း ဒရော့ဘာ က ဆိုသည်။ ယခုနှစ် အတွင်း အဘီဂျန်သို့ အလည် ရောက်ခဲ့ရာမှ ထိုမြို့လေး ဆေးရုံ၏ ဆိုးရွားသော အခြေအနေ များကို မြင်ရသည့်အခါ အလွန် စိတ်မကောင်း ဖြစ်ခဲ့မိကြောင်း ချဲလ်ဆီး တိုက်စစ်မှူးက ၀န်ခံ သွားခဲ့သည်။

ထို့ကြောင့်လည်း မိမိ၏ ဖောင်ဒေးရှင်းမှ ယခု ဆေးရုံစီမံကိန်းကို မတည် အကောင်အထည် ဖော်ခဲ့ကြောင်း၊ အခြားသော အလှူရှင် များကလည်း ၀ိုင်းဝန်း ကူညီသည့်အတွက် စိတ်ချမ်းသာမိကြောင်း ဒရော့ဘာက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here