အမေရိကား၌ ဆွိုင်းဖလူကြောင့် လူ ၄၀၀၀ သေဆုံးပြီး ၂၂သန်း ရောဂါဖြစ်ပွားနေ

alt

လွန်ခဲ့သော ဧပြီလမှ မက္ကဆီကို နိုင်ငံ ဗယ်ရာခရုစ် ပြည်နယ်မှ အရှိန်အဟုန်် ခပ်ပြင်းပြင်းနှင့် ကူးစက်နေသော ဆွိုင်း ဖလူ (ခ) ဝက်တုပ်ကွေး ရောဂါမှာ အမေရိကန် နိုင်ငံ၌ လူပေါင်း ၄၀၀၀ နီပါး သုတ်သင်သွားခဲ့ပြီ ဖြစ်သည်။

ခလေးငယ်ပေါင်း ၅၄၀ခန့် သေကြေ ခဲ့ရပြီး ၂၂သန်းသော အမေရိကန် ပြည်သူအများ ဆွိုင်းဖလူ ရောဂါ ကူးစက် ခဲ့ကြရသည်ဟု အမေရိကန် ဗဟို ကျန်းမာရေး ဋ္ဌာနကြီးမှ ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။

ယခု  ပုံမှန် တုပ်ကွေး ရာသီချိန် ကာလတွင် ဆွိုင်းဖလူ ရောဂါမှာ ဆရာဝန်များ၏ ကုသ စောင့်ရှောက်မှု မလိုလောက် အောင်ပင် ရောဂါ အခြေအနေ ကောင်းမွန် နေသော်ငြားလည်း ထိုရောဂါကြောင့် ၆လ အတွင်း အမေရိကန် နိုင်ငံတဝှမ်း လူပေါင်း ၉သောင်း၊ ၈ထောင်ကျော် ဆေးရုံတင် အသည်းအသန် ကုသ ခဲ့ကြရသည်။

ထိုအထဲတွင် ခလေးငယ်ပေါင်း ၃သောင်း၊ ၆ထောင်ကျော် ပါဝင်ပြီး၊ လူရွယ်ပိုင်း အသက် ၆၅နှစ် အောက် ၅သောင်း၊ ၃ထောင်ကျော် ပါဝင်ကာ၊ အသက် ၆၅နှစ် အထက် ၉ထောင်နီးပါး ဆွိုင်းဖလူ ရောဂါ ဖြစ်ပွား ခဲ့ရသည်ဟု ဗဟိုရောဂါ ကြိုတင် ကာကွယ်ရေး နှင့် ထိမ်းချုပ်ရေး ဋ္ဌာနမှ ဒေါက်တာ အဲနီ ရှောက်ချတ်က ပြောကြား လိုက်သည်။

လွန်ခဲ့သော အပါတ်က မြန်မာနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ တရားဝင် ထုတ်ပြန်သော သတင်းများအရ မြန်မာနိုင်ငံတွင် A/H1N1 ဆွိုင်းဖလူ ဖြစ်ပွားနေသူ ၆၄ဦး ရှိသွားပြီ ဖြစ်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here