ကိုယ်ပျောက်ဝတ်စုံ တီထွင်မှု နောက်ဆုံး အဆင့်သို့ ရောက်ရှိနေဟုဆို

alt

ကမာ္ဘကျော် Harry Potter ဇာတ်ကား များ အတွင်းမှ စိတ်ကူးယဉ် ကိုယ် ပျောက် ၀တ်စုံမှာ မကြာမီ လက်တွေ့ လောကထဲ ရောက်ရှိ လာတော့မည်ဟု သိရှိရသည်။

လန်ဒန်ရှိ သုတေသီ များသည် ပေါင် စတာလင် (၄.၉)သန်း အကုန်အကျ ခံကာ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကိုယ်ပျောက် ၀တ်စုံတခု တီထွင်မှု၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဟု ဆိုသည်။

သို့သော်လည်း ၎င်းတို့သည် ပဥ္စလက် ပညာဖြင့် စီရင်ထားခြင်း မဟုတ်ဘဲ သိပ္ပံပညာ ဖြင့်သာ ယင်း ၀တ်စုံကို တီထွင်ထားခြင်း ဖြစ်သည်။ အင်ပီရီရယ် ကောလိပ်မှ တာဝန်ရှိသူ များက အလင်း၏ လှည့်စားမှု သဘောတရား များကို Microwave နည်းပညာနှင့် ပေါင်းစပ်ကာ ကိုယ်ပျောက် ၀တ်စုံကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

အလင်းသည် အရာဝတ္ထု တခုကို ရိုက်ခတ်ပြီး ပြန်ကန် ထွက်လာသည့် ပြန်လင်းတန်းများက မျက်စိတွင် ကျရောက်ခြင်းဖြင့် ထိုအရာဝတ္ထုကို တွေ့မြင်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ ပညာရှင်များ တီထွင်ထားသည့် ၀တ်စုံတမျိုးသည် ၎င်း၏ အနီး ပတ်ဝန်းကျင်တွင် ငြင်သာစွာ လှိုင်းများ တုန်ခါမှုကို ဖြစ်ပေါ်စေပြီး အလင်း ရိုက်ခတ်မှုကို လွဲချော်သွားစေမည် ဖြစ်သည်။

ထို့ကြောင့်လည်း ထိုအရာမှ ပြန်လင်းတန်းသည် လူတဦး၏ မျက်လုံးသို့ လာရောက် ရိုက်ခတ်ခြင်း မရှိတော့သလို ထိုအရာကိုလည်း မမြင်ရတော့ချေ။ အင်ပီရီရယ် ကောလိပ်မှ ပညာရှင်များက လတ်တလော ယင်းစမ်းသပ်မှုကို အမာစား သတ္တုများဖြင့်သာ ပြုလုပ်နိုင်သေး သော်လည်း ကိုယ်ပျောက် ၀တ်စုံအဖြစ် ဖန်တီး ဖော်ထုတ်နိုင်ရေးမှာ ၎င်းတို့၏ အဓိက စိတ်အဝင်စားဆုံး ရည်မှန်းချက် ဖြစ်ကြောင်း ၀န်ခံထားကြသည်။

ယခု စမ်းသပ်မှုကို ဦးဆောင်နေသည့် ဆာဂျွန်ပန်ဒရီ က နောက်ထပ် အနုစိတ် လေ့လာမှုများအား ဆောက်သမ်တမ် တက္ကသိုလ်နှင့် ပူးပေါင်း ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီး အလင်းနှင့် အမြင် အာရုံဆိုင်ရာ သီအိုရီများကို လှည့်စား လိုက်ခြင်းကြောင့် ကိုယ်ပျောက် စွမ်းအင်ကို ရရှိလာစေမည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here