ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်အတွက် ဗဟိုတရားရုံးသို့ အယူခံ တင်သွင်း

alt

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကျခံနေရမှု အတွက် အယူခံကို နိုဝင်ဘာ (၁၃)ရက် နေ့က စစ်အစိုးရ ချုပ်ကိုင်သော ဗဟို တရားရုံးသို့ အယူခံ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အမေရိကန် သမ္မတ ဘာရက် အိုဘားမား တို့ တွေ့ဆုံခါနီး နေ့ရက်နှင့် တိုက်ဆိုင်ကာ တင်သွင်းခဲ့သော အယူခံနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ ဥပဒေ အကျိုးဆောင် အဖွဲ့ခေါင်းဆောင် ဦးကြည်ဝင်း က ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည် အတွက် အယူခံကို တရားရုံးချုပ်သို့ တင်သွင်းခဲ့ပြီး ယခုအခါ တရားရုံးချုပ်က အမှုအတွက် လက်ခံကြားနာ ပေးမည့်အချိန်ကို စောင့်ဆိုင်း နေကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တော အား နေအိမ်အတွင်း ၀င်ခွင့်ပြု စေမှုဖြင့် မြန်မာ စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် (၁၈)လ အထိ ချမှတ်ခြင်းကို ခံထားရပြီး ထိုကိစ္စအတွက် အောက်တိုဘာ လက ကနဦး အယူခံ ၀င်ခဲ့သေး သော်လည်း ပယ်ချ ခံခဲ့ရသည်။

ဦးကြည်ဝင်းက ယခု တကြိမ် အယူခံအတွက် အကောင်းဆုံးကို မျှော်လင့်ထားကြောင်း ပြောကြားသွားခဲ့ပြီး၊  သို့သော်လည်း မည်သည့် တရားရုံးက အယူခံကို ကြားနာ ပေးမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လေ့လာသူများက အယူခံ ကြားနာမှု အခြေအနေသည် နိုဝင်ဘာ (၁၅)ရက် နေ့တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အိုဘားမား တို့ စင်္ကာပူ၌ တွေ့ဆုံဆွေးနွေးမှု ရလဒ်၏ လွှမ်းမိုးမှုနှင့် ဆက်စပ်နေမည်ဟု ခန့်မှန်း ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယခု လက်ရှိအတိုင်း နေအိမ် အကျယ်ချုပ် ကျခံနေရမည် ဆိုပါက (၂၀၁၀) ခုနှစ် စစ်အစိုးရ စိတ်တိုင်းကျ ကျင်းပသော ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ဘဲ ယင်း အခြေအနေကို ကမာ္ဘ့နိုင်ငံ အသီးသီးက ကန့်ကွက်နေကြောင်း သတင်းများတွင် ဖော်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here