မြန်မာ-ဘာရိန်း သံတမန် ဆက်သွယ်မှု စတင်

alt

မြန်မာ နိုင်ငံသည် ဘာရိန်း နိုင်ငံနှင့် အပြန်အလှန် သံတမန် ဆက်သွယ်မှု စတင်ခဲ့ပြီ ဖြစ်ကြောင်း စစ်အစိုးရပိုင် မီဒီယာ မြန်မာ့အလင်း သတင်းစာက နိုဝင်ဘာ (၁၃)ရက် နေ့တွင် ရေးသား ဖော်ပြခဲ့သည်။

သံတမန် ဆက်ဆံမှု ထားရှိရန် အတွက် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ် နှင့် ဘာရိန်းနိုင်ငံမှ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်တို့ နယူးယောက်တွင် နိုဝင်ဘာ (၁၀)ရက် နေ့က လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သတင်းစာ က ဆိုသည်။

ယခုနှစ် အတွင်း မြန်မာနိုင်ငံသည် ဇင်ဘာဘွေ၊ အန်ဒိုရာ နိုင်ငံ များနှင့်လည်း သံတမန် ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ရာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် သံတမန်ရေးရာ ဆက်နွယ်မှု ရှိသည့် နိုင်ငံအရေ အတွက် စုစုပေါင်းသည် (၁၀၀) အထိ ရှိလာပြီ ဖြစ်သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အဆိုအရ မြန်မာ နိုင်ငံသည် ကမာ္ဘ့နိုင်ငံ (၃၀) တွင် သံရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်သလို အမြဲတမ်း mission နှစ်ခုကို နယူးယောက် နှင့် ဂျီနီဗာ မြို့ကြီးများတွင် ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ထားသော သံရုံး အရေအတွက်မှာ (၂၈)ခု အထိ ရှိနေပြီး တရုတ် နှင့် အိန္ဒိယ နိုင်ငံများသည် ရန်ကုန် နှင့် မန္တလေး မြို့ကြီးများ အတွင်း ကောင်စစ်ဝန် ရုံးများ ထားရှိသည်။

ထို့အပြင် ဆွစ်ဇာလန် နိုင်ငံက ရန်ကုန်တွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်က စစ်တွေတွင် လည်းကောင်း ကောင်စစ်ဝန် ရုံးများ ဖွင့်ထားပြီး မြန်မာနိုင်ငံ ကမူ တရုတ်၏ ဟောင်ကောင်၊ ကူမင်း၊ နန်နင်း မြို့များနှင့် အိန္ဒိယနိုင်ငံ ကလကတ္တား တို့တွင် ကောင်စစ်ဝန် ရုံးများ ထားရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here