ယာယာတိုရေး ကို မန်ယူနှင့် အာဆင်နယ် အပြိုင် စိတ်ဝင်စားနေ

alt

မန်ချက်စတာ ယူနိုက်တက် နှင့် အာ ဆင်နယ် အသင်းများသည် ဘာစီလိုနာ မှ ထွက်ခွာမည်ဟု သတင်းကြီး နေ သော ယာယာတိုရေး အား အပြိုင် အဆိုင် စိတ်ဝင်စား နေကြောင်း သိရှိ ရသည်။

အသက် (၂၇)နှစ် ရှိ အိုင်ဗရီကို့ လက်ရွေးစင် ကွင်းလယ်လူ သည် ဘာစီလိုနာမှ လာမည့် ဇန်နဝါရီလ အတွင်း ထွက်ခွာရန် ပြင်ဆင်နေသည် ဟု သတင်းများက ဆိုသည်။

တိုရေး၏ အေးဂျင့် ဒီမီထရီဆူးလက် က ဘာစီလိုနာသည် ၎င်း၏ ကစားသမားနှင့် စာချုပ် သက်တမ်းတိုးရန် နှောင့်နှေးလျက် ရှိရာ တိုရေး ကိုယ်တိုင်က နူးကင့် ကွင်းကြီးကို ကျောခိုင်းရန် ဆန္ဒရှိလာကြောင်း ပြောကြားခဲ့သည်။

ယူနိုက်တက်သည် အိုဝင်ဟားဂရေ့  ဒဏ်ရာကြောင့် နားနေရ ကတည်းက အားနည်းသွားသည့် ကွင်းလယ် ခံစစ်ပိုင်းအတွက် တိုရေးကို အလိုရှိနေသလို အာဆင်နယ် ကလည်း ဖာဘရီဂက် နှင့် တွဲဖက်ကစားရန် တိုရေးအား စိတ်ဝင်စား နေသည်။ အာဆင်နယ်သည် ငယ်ရွယ်သော ကစားသမားများဖြင့် ဖွဲ့စည်းထားရာ တိုရေး၏ အတွေ့အကြံုနှင့် ဦးဆောင်မှု စွမ်းရည်များမှာ အသင်းအတွက် အလွန် အဖိုးတန်သည့် အရာများ ဖြစ်လာနိုင်ချေ ရှိပေသည်။

တိုရေးအား မန်ချက်စတာ စီးတီး အသင်းကလည်း စိတ်ဝင်စား နေသည့်တိုင် ၎င်း၏ ဦးတည်ရာသည် အင်္ဂလန်၏ အစဉ်အလာ ကြီးမားသော အသင်း(၂)သင်း သို့သာ ဖြစ်နိုင်ကြောင်း သတင်းများက ဆိုသည်။ ဘာစီလိုနာသည် ဆီဒေါကီတာ၏ ခြေစွမ်း တက်လာမှု နှင့်အတူ တိုရေးအား ရောင်းထုတ်သွားရန် ဆန္ဒ ရှိနေနိုင်ကြောင်းလည်း လေ့လာသူများက ခန့်မှန်း ပြောဆိုခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here