အများ သတ်မှတ်သလို Sexy မဖြစ်ပါဟု ဂျက်ဆီကာ အယ်ဘာ ပြောကြား

alt

ဟောလီးဝုဒ်၏ နာမည်ကျော် အလှမယ် လေး တဦးအဖြစ် နာမည်ကြီး နေသည့် မင်းသမီး ဂျက်ဆီကာ အယ်ဘာ က သူမသည် အများက သတ်မှတ်သလို Sexy ဖြစ်သည်ဟု

ကိုယ့်ကိုကိုယ် မထင်မိကြောင်း ပြော ကြား လိုက်သည်။

Sin City စတား ဂျက်ဆီကာသည် ကမာ္ဘ အရပ်ရပ်ရှိ မီဒီယာများက ဖော်ပြလေ့ရှိသည့် ကမာ္ဘ့ Sexy အဖြစ် ဆုံး အမျိုးသမီးများ စာရင်းတွင် အမြဲလိုလို ထိပ်ပိုင်းမှ ပါ၀င်နေသူ ဖြစ်သည်။

သို့သော်လည်း သူမ စိတ်ထဲတွင်မူ Sexy ဖြစ်ပါသည်ဟု တခါမျှ မခံစား ရကြောင်း ဂျက်ဆီကာက ၀န်ခံခဲ့သည်။ ထိုသို့ ဖြစ်ရန်လည်း မကြိုးစား ခဲ့ကြောင်း၊ မိမိသည် ကိုယ့်ကိုကိုယ် Sexy ကျ လှပစွာ ဆွဲဆောင်မှု ရှိရေး ထက် ခင်ပွန်းသည် နှင့် မိသားစု အတွက် အာရုံစိုက်ဖို့သာ စိတ်ဝင်စားကြောင်း အသက်(၂၉)နှစ် ရှိပြီဖြစ်သော မင်းသမီးက ဆိုသည်။

ဂျက်ဆီကာသည် ခင်ပွန်းသည် ကက်ရှ်ဝါရင် နှင့် (၁၈)လ အရွယ် သမီးလေး ဟိုနာမာရီကို မွေးဖွားထားသည်။ ဂျက်ဆီကာ သမီးလေးသည် သူမ ဘဝအတွက် အရေးအကြီးဆုံး ဖြစ်ပြီး ဘေးလူများ စကားကြောင့် သမီးစိတ်ထဲတွင် မိခင်အား Sexy ဖြစ်သော မင်းသမီး တလက်အဖြစ် စွဲထင်သွားမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

သူမသည် သရုပ်ဆောင် စဉ်တွင်လည်း Sexy မဖြစ် ဖြစ်အောင် တမင်တကာ ပြုလုပ်ခြင်းမျိုး မရှိဘဲ ရိုက်ကွင်းတခု အမြန်ပြီးစီး သွားပြီး အိမ်ပြန်ကာ သမီးငယ်နှင့် အတူနေခွင့် ရရေးကိုသာ အလေးထားကြောင်း Sexy အဖြစ်ဆုံး မင်းသမီးတဦး အဖြစ် သတ်မှတ် နေမှုများအား E! Online နှင့် အင်တာဗျူးတွင် တုန့်ပြန် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here