ထိုင်းအင်ဂျင်နီယာ တဦး ကမ္ဘောဒီးယား နိုင်ငံ၌ ထိုင်းနိုင်ငံ အတွက် သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခံရ

alt

ထိုင်းလူမျိုး အင်ဂျင်နီယာ တဦးသည် ကမော္ဘဒီးယား နိုင်ငံ၌ နေထိုင်ကာ ထိုင်း နိုင်ငံအတွက် သူလျှိုအဖြစ် လုပ်ကိုင် ပေးနေသည် ဆိုသောစွဲချက် ဖြင့် ဖမ်းဆီး ခံလိုက်ရကြောင်း ခမာ ဘာသာဖြင့် ရေးသား ထုတ်ဝေသော

ကမ်ပူးချား သတင်းစာ Rasmei Kampuchea တွင် ယနေ့ ဖေါ်ပြ ထားသည်။

အသက် (၃၁)နှစ် အရွယ် ဆီဝါရက် ချိုတီပေါင် သည် ကမော္ဘဒီးယား လေကြောင်း ထိန်းသိမ်းရေး ဌာနတွင် လုပ်ကိုင်နေသူ ဖြစ်ပြီး ၎င်းသည် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ္ထရာ ၏ လေကြောင်း ခရီးစဉ်များအား စုံစမ်းမှု ပြုလုပ်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံရခြင်း ဖြစ်သည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် သည် ယခုအခါ ကမော္ဘဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်၏ စီးပွားရေး အကြံပေး ဖြစ်လာပြီး ထိုကိစ္စကြောင့် ထိုင်းနှင့် ကမော္ဘဒီးယား ဆက်ဆံရေးသည် အဆိုးရွားဆုံး ဖြစ်နေဆဲ ဖြစ်သည်။ မင်္သကာဖွယ် ချိုတီပေါင် အား လတ်တလောတွင် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိပါက ထောင်ဒဏ်နှစ်ရှည် ကျခံရဖွယ် ရှိနေသည်။

သက်ဆင် သည် လက်ရှိ ထိုင်းအစိုးရ၏ နံပါတ်(၁) ရန်သူတော် ဖြစ်နေရာ ကမော္ဘဒီးယား နှင့် ထိုင်းတို့၏ ဆက်ဆံရေးသည် တစထက် တစ ဆိုးရွား လာနေခဲ့ပြီ ဖြစ်သည်။ ယင်း နှစ်နိုင်ငံသည် နယ်စပ်ဒေသရှိ ရှေးဟောင်း ဘုရားကျောင်း နေရာဟောင်း တခုကို ပိုင်ဆိုင်ခွင့်ရရေး အတွက်လည်း ယခင် ကတည်းက တင်းမာမှု ပဋိပက္ခများ ရှိနေခဲ့ကြသည်။

ချိုတီပေါင် သည် သက်ဆင် နှင့် ပတ်သက်သော အချက်အလက် များကို ထိုင်း အစိုးရသို့ အကြောင်းကြား ခဲ့ကြောင်း စွပ်စွဲ ခံထားရသည်ဟု ကမော္ဘဒီးယား အမျိုးသား ရဲဌာန တာဝန်ရှိသူ ကက်ချန်သာရစ် က တရားဝင် ထုတ်ဖေါ် ပြောကြားထားသည်။ ၎င်းအား ရုံးတင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အခြားသော ကြံရာပါများ ရှိနေပါကလည်း ဖော်ထုတ် သွားနိုင်ရန် မိမိတို့ ကြိုးပမ်းနေကြောင်း ချန်သာရစ် က ဆက်လက် ပြောကြားသွားခဲ့သည်။

အာဆီယံ ထိပ်သီး အစည်းဝေးသို့ ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် အဘီဆစ် ကမူ  ချိုတီပေါင်အား အခြားသော ထိုင်း နိုင်ငံသားများ ကဲ့သို့ပင် တရားဝင် နိုင်ငံတကာ မျက်နှာစာမှ ကူညီမှုများ ပေးဆောင် သွားမည်ဖြစ်ကြောင်း စင်္ကာပူမှ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here