ဘရာဇီးမြေပဲ နှလုံးရောဂါ ဖြစ်နိုင်ချေ တိုးပွားနိုင်ခြင်း သတိပြု

alt

ဘရာဇီး နိုင်ငံထွက် မြေပဲသည် လူ့ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရ ဓာတ်များကို ဖြည့်တင်း ပေးနိုင်သဖြင့် နာမည်ကောင်းဖြင့် ကျော်ကြား နေသော ဘရာဇီး၏ နာမည်ကျော် ထုတ်ကုန် တခုဖြစ်သည်။

သို့သော်လည်း ယင်း မြေပဲသည် ကိုလက်စထရော ပမာဏ ကိုလည်း မြှင့်တင် ပေးသဖြင့် နှလုံးရောဂါ ဖြစ်နိုင် ချေ ကိုလည်း တိုးပွား လာစေမည် ဖြစ်ကြောင်း ပညာရှင်များက သတိပေး ခဲ့သည်။

ဘရာဇီး နိုင်ငံထွက် မြေပဲနှင့် အခြား ကောက်ပဲ သီးနှံများ၊ သားငါးများတွင် အများ အားဖြင့် တွေ့ရှိရသည့် selenium အမည်ရှိ ဓာတ်တမျိုးသည် ခန္ဓာကိုယ်တွင်း ကိုလက်စထရော ပမာဏကို အကြီးအကျယ် မြင့်တက် လာစေကြောင်း သုတေသန ရလဒ် များက ညွှန်ပြနေသည်။

လူအများ အနေနှင့် ဘရာဇီးမြေပဲ အပါအဝင် selenium ဓာတ် ပေါများစွာ ပါရှိသည့် အစားအသောက် များကို ပုံမှန်စားသောက် နေခြင်းသည် နှလုံးရောဂါကို လက်ယပ် ခေါ်နေခြင်းပင် ဖြစ်ကြောင်း ၀ါးဝစ် တက္ကသိုလ်မှ ပညာရှင်များက ပြောကြားခဲ့ကြသည်။

၎င်းတို့၏ အဆိုအရ selenium သိုလှောင်ထားသော အစားအစာ များသည် ကိုလက်စထရော အဆင့်ကို သာမန်ထက် (၁၀) ရာခိုင်နှုန်း တိုးပွားစေကြောင်း သိရှိရသည်။

လူတဦးတွင် ကိုလက်စထရော ပမာဏ မြင့်တက် နေခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို တွန်းအား ပေးနေသည့် အခြေအနေတွင် ရှိပေသည်။ ၀ါးဝစ် တက္ကသိုလ် အာဟာရ ဆေးပညာဌာနမှ ဒေါက်တာ ဆေဗီရီယို စထရိန်းက ယခု လေ့လာမှုကို ခေါင်းဆောင်ခဲ့ပြီး selenium များများ ပါရှိသော အစားအသောက် များကို အတိုင်းအတာဖြင့် ချင့်ချိန် စားသောက်သင့်ကြောင်း Nutrition ဂျာနယ်တွင် အကြံပြု ရေးသားလိုက်သည်။

နှလုံး၏ ကျန်းမာရေးကို စောင့်ရှောက်ရန် အတွက် selenium ပေါကြွယ်ဝသည့် ဘရာဇီး မြေပဲကဲ့သို့ အစားအစာ များကို အလွန်အကျူး စားသောက်ခြင်းအား ရှောင်ကြဉ်ရန်လည်း ဂျာနယ်အတွင်း တိုက်တွန်း ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here