ကမ္ဘာသည် စကြာဝဠာ၏ ဗဟိုဖြစ်ကြောင်း သက်သေပြရန် ဗာတီကန် ထပ်မံကြိုးပမ်း

alt

ကမာ္ဘသည် စကြာဝဠာ၏ ဗဟိုချက် ဖြစ်ကြောင်း ဂယ်လီလီယို က သက်သေ ပြရန် ကြိုးပမ်းခဲ့မှု နှစ်ပေါင်း (၄၀၀) ကျော် ကြာမြင့်ပြီးနောက် ဗာတီကန် နန်းတော်သည် အာကာသ ဆိုင်ရာ

စူးစမ်း လေ့လာမှု တခုကို ထပ်မံပြုလုပ် နေပြီဖြစ်သည်။

ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာဝင် များ၏ အထွတ်အမြတ် ထားရာ ဗာတီကန် နန်းတော်ရှိ နက္ခတ်ဗေဒ ပညာရှင် ဘုန်းတော်ကြီး ဟိုဆေး ဂါဘရီရယ် ဖူနက်စ် က လွန်ခဲ့သော သီတင်းပါတ် အတွင်း ဘာသာရေးနှင့် သိပ္ပံပညာဆိုင်ရာ ပညာရှင်များသည် ဗာတီကန်တွင် စုပေါင်းကာ စကြာဝဠာ အတွင်း အခြားသော သက်ရှိများ မှီခိုနေထိုင်ခြင်း အယူဝါဒ အတွက် လေ့လာဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသွားသည်။

မိမိတို့သည် သက်ရှိတို့ မည်သည့်နေရာမှ စတင် ပေါ်ပေါက်လာသည် ဆိုသော မေးခွန်းနှင့် ကမာ္ဘမဟုတ်သော စကြာဝဠာ အစိတ်အပိုင်း တခုတွင် အခြားသက်ရှိများ ရှင်သန်နေခြင်း ရှိမရှိဆိုသော မေးခွန်းအတွက် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း ဖူနက်စ်က ရှင်းပြခဲ့သည်။ ဘုန်းတော်ကြီး တပါးလည်းဖြစ်သည့် ဖူနက်စ်က (၅)ရက်ကြာ အစည်းအဝေးအတွင်း နက္ခတ်ဗေဒ ပညာရှင်များ၊ ရူပဗေဒ ပညာရှင်များ၊ ဇီဝဗေဒ ပညာရှင်များနှင့် အခြားသော ကျွမ်းကျင်သူများသည် ဇီဝသက်ရှိများ စကြာဝဠာအတွင်း မည်သို့ပျံ့နှံ့နေထိုင်သည်ကို လေ့လာ ဆွေးနွေးခဲ့သော်လည်း ခိုင်ခိုင်မာမာ အဖြေ မထုတ်နိုင်သေးကြောင်း ၀န်ခံ သွားသည်။

မိမိတို့အနေနှင့် ယင်းအမြင်ကို အတွေးအခေါ်ထက် သိပ္ပံပညာဖြင့်သာ ချဉ်းကပ် အဖြေထုတ် သင့်ကြောင်းလည်း ဖူနက်စ် ကဆိုသည်။ အာရီဇိုးနား တက္ကသိုလ်မှ နက္ခတ်ဗေဒ ပါမောက္ခ ခရစ်အင်ပေးက ဗာတီကန်သည် ထို အစည်းအဝေးမျိုးကို လက်ခံ ကျင်းပပေးခြင်းမှာ အလွန်သင့်လျော်ကြောင်း မှတ်ချက်ပြုခဲ့သည်။

သိပ္ပံပညာနှင့် ကိုးကွယ် ယုံကြည်မှုကြောင်း အသက်ဇီဝ ဖြစ်စဉ်နှင့် ပတ်သက်သော ယုံကြည်မှုများတွင် ကွဲလွဲချက် အလွန်ကြီးမား နေကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသော ပညာရှင် အတော်များများက စကြာဝဠာအတွင်း အခြားသော သက်ရှိ အမြောက်အမြား မှီခို နေထိုင်နေမည် ဆိုသည့် အချက်အတွက် လက်သင့်ခံခဲ့ကြောင်း ဖူနက်စ်က ဆက်လက် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here