အဆိုတော် တေလာဆွစ်ဖ် အသက်အငယ်ဆုံး CMA ဆုရှင်ဖြစ်လာ

alt

Country Music Assn (CMA) ၏ မဲပေး ရွေးချယ်မှု များအရ အဆိုတော်မလေး တေလာဆွစ်သည် အသက်အငယ်ဆုံး CMA ဆုရှင် ဖြစ်လာခဲ့ပြီဟု သိရှိရသည်။

Pop ဂီတစတား ဆယ်ကျော်သက် မလေးသည် နိုဝင်ဘာ (၁၁)ရက် နေ့က တင်နဆီ ပြည်နယ်၊ နက်ရှ်ဗီးလ်တွင် ပြုလုပ်သော အခမ်းအနား အတွင်း CMA ဆုကို ဆွတ်ခူး ရရှိခဲ့သည်။

CMA ဆုအတွက် အခြားသော ၀ါရင့် ဂီတ သမားများ ဖြစ်သော ဂျော့စထရိတ်၊ ကန်နီချက်စနီ၊ ဘရက် ပရက်စလေ နှင့် ကိတ်အာဘန် တို့လည်း ရွေးချယ်ခံရပြီး ဆွစ်ဖ် မှာမူ အသက်အငယ်ဆုံး နှင့် သီးသန့် ဂုဏ်ပြုဆု တို့ကို ရရှိခဲ့သည်။

သူမသည် CMA ၏ တနှစ်တာ အတွက် အကောင်းဆုံး ဖျော်ဖြေရေး သမားဆုကို ရရှိခဲ့ရာ ဂုဏ်ယူစရာ အောင်မြင်မှု တရပ်လည်း ဖြစ်လာခဲ့ ရသည်။ ဆွစ်သည် သူမ၏ အမည်စာရင်း တင်သွင်း ခံထားရသည့် ဆု(၄)မျိုးလုံးကို ပိုင်ဆိုင်ခဲ့ရာ ယခု ဂုဏ်ပြုဆုအပြင် တနှစ်တာ အကောင်းဆုံး အယ်ဘမ်ဆု၊ အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆု နှင့် အကောင်းဆုံး ဂီတ ဗွီဒီယိုဆုများကို သိမ်းကျံုး ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း အယ်ဘမ်ချပ်ရေ (၁၀)သန်းကျော် ရောင်းချထားသည့် အဆိုတော် မလေးမှာ ကမာ္ဘ့ အကြီးကျယ်ဆုံး Pop စတားတဦးအဖြစ် အသက်(၁၉)နှစ် အရွယ်တွင် သတ်မှတ်ခံခဲ့ရပြီ ဖြစ်သည်။ ဆွစ်ဖ် က ယခု အောင်မြင်မှုအတွက် မဲပေးခဲ့သော ပရိသတ်များ အားလုံးကို ကျေးဇူးတင်မိကြောင်း ပြောဆိုခဲ့သည်။

ဆွစ်ဖ်သည် အကောင်းဆုံး အယ်ဘမ်ဆု အတွက် (၂၀၀၈) ခုနှစ်ထုတ် Fearless ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ CMA ဆုရွေးချယ်ရေး အဖွဲ့က ဆွစ်ဖ်သည် အသက်အရွယ် အားဖြင့် ဂီတလောက၏ သွေးသစ်လူငယ်လေး တဦးမျှသာ ရှိသေးကြောင်း၊ သို့သော်လည်း လူငယ်တဦး ဆိုသော အခြေအနေနှင့် မမျှအောင် အရည်အသွေး ပြည့်ဝနေပြီ ဖြစ်ကြောင်း ချီးကျူး ဂုဏ်ပြုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here