ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းသဖြင့် အမေရိကန် စစ်မှုထမ်းဟောင်းများ သေဆုံးရ

alt

၂၀၀၈ ခုနှစ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းသဖြင့် သေဆုံး ခဲ့ရသော အမေရိကန် စစ်မှုထမ်းဟောင်း အရေအတွက်မှာ (၂၂၆၆)ဦး အနည်းဆုံး ရှိနေကြောင်း ပညာရှင်များက ပြောကြား ခဲ့ကြသည်။

ထို ပမာဏသည် ထိုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင်၌ ကျဆုံး သွားသည့် အမေရိကန် စစ်သည် ဦးရေထက် (၁၄)ဆ ပိုများသည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း အာဖဂန်တွင် ကျဆုံးသော စစ်သည် ဦးရေမှာ (၁၅၅)ဦးသာ ရှိခဲ့သည်။ ဟားဗတ် တက္ကသိုလ်မှ အဖွဲ့ခွဲပြီး သုတေသန ပြုလုပ်ခဲ့သော စစ်တမ်း (၂)စောင်က အမေရိကန် စစ်မှုထမ်းဟောင်းများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါး ထောက်ပံ့မှုများ ပိုမို လိုအပ်ကြောင်း သက်သေပြလျက် ရှိသည်။

စစ်ပွဲတွင် ကျဆုံးသွားသည့် စစ်သားများ အတွက် ရည်စူး သတ်မှတ်ထားသည့် အမေရိကန် စစ်မှုထမ်းဟောင်း နေ့တွင် ထုတ်ပြန်ခဲ့သော စစ်တမ်း ရလဒ်များအရ စစ်မှုထမ်းဟောင်း ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အပေါ် ဝေဖန်မှုများ ပေါ်ပေါက် လာခဲ့ရသည်။

ဟားဗတ်မှ ပြုစုသော စစ်တမ်းများအရ သေဆုံးသွားသော စစ်မှုထမ်း အတော် များများသည် အသက်(၆၅)နှစ်ပင် မပြည့်သေးချေ။ ဟားဗတ်မှ ပါမောက္ခ နှစ်ဦးဖြစ်သည့် ဒေးဗစ်ဟမ်မယ်စတိန်း နှင့် စတီဖင် ၀ူးဟန်ဒလာ တို့က မိမိတို့သည် ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံသဖြင့် နောက်ထပ် စစ်မှုထမ်းဟောင်းများ သေဆုံးမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ပညာရှင်များသည် (၂၀၀၈) ခုနှစ်အတွင်း သေဆုံးခဲ့သမျှ စစ်မှုထမ်းဟောင်းများ အားလုံး၏ စာရင်း မှတ်တမ်းကို လိုက်လံ ကောက်ခံကာ သေဆုံးခြင်း၏ အကြောင်းအရာများကို လေ့လာမေးမြန်းပြီး ယခုရလဒ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဟမ်မယ်စတိန်း က အမေရိကန် အစိုးရသည် ဗြိတိန်နှင့် ကနေဒါ နိုင်ငံများကို အတုယူကာ စစ်မှုထမ်းဟောင်း များအတွက် ခိုင်မာသော စောင့်ရှောက်မ ှုစံနစ်တခု ထူထောင် ပေးသင့်ကြောင်းလည်း အကြံပြု ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here