ရောမခေတ်မှ ရှေးဟောင်း ဒင်္ဂါးများ အစ္စရေး နိုင်ငံတွင်ပြသ

alt

ရောမတို့ ဂျေရုဆလင်ကို ၀င်ရောက် တိုက်ခိုက်သော ခေတ်က သုံးစွဲခဲ့သည့် ရှေးဟောင်း ဒင်္ဂါးများကို အစ္စရေးနိုင်ငံက ပထမဆုံး အကြိမ် ထုတ်ဖေါ် ပြသလိုက်သည်။

နိုဝင်ဘာ (၁၁)ရက် နေ့က ထုတ်ဖော် ပြသသည့် ဒင်္ဂါးများသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ခန့်က မြင့်မြတ်သော မြေသို့ ရောမစစ်တပ်များ ၀င်ရောက်ကာ ဂျူးဘာသာရေး ဘုရားကျောင်းများကို မီးလောင်တိုက် သွင်းပစ်ခဲ့ချိန်က လက်ရာလည်း ဖြစ်သည်။

အရေအတွက် (၇၀)မျှ ရှိသော ဒင်္ဂါးများကို ဂျေရုဆလင်၊ မြင့်မြတ်သော မြေနေရာအနီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုဒင်္ဂါးများကို ရောမတို့က ဒုတိယမြောက် ဂျူးဘုရားကျောင်း တခုကို ဖျက်စီးခဲ့သဖြင့် ဂျူးတို့က မခံနိုင်ဘဲ တော်လှန်ပုန်ကန်ကြသည့် အေဒီ(၇၀)ခန့်က သုံးစွဲခဲ့ဟန် ရှိသည်။

ရောမ အင်ပါယာသည် ဂျေရုဆလင်ကို အေဒီ(၆၆)က သိမ်းပိုက် လိုက်ပြီးနောက် ဂျူးဝါဒ၏ အမြင့်မြတ်ဆုံး မှတ်တိုင် တခုဖြစ်ရာ ဂျေရုဆလင်မြို့၊ ဘုရားကျောင်းတော်ကို ဖျက်ဆီး ပစ်လိုက်သည်။ ကြေးဖြင့် ပြုလုပ်ထားသော ဒင်္ဂါးများကို မှန်သေတ္တာ တလုံးထဲ ထည့်ထားပြီး အချို့သည် ဘုရားကျောင်း မီးရှို့ ခံရမှုကြောင့် တဝက်တပျက် အရည်ပျော် နေပြီဖြစ်ကြောင်း အစ္စရေး ရှေးဟောင်းဒင်္ဂါး ကျွမ်းကျင်ပညာရှင် ဂါဘရီလာ ဘိုင်ဂျော့စကီးက ပြောကြားခဲ့သည်။

ယခု ဒင်္ဂါးများသည် မိမိတို့ မသိမီ လိုက်သော ဘာသာရေး အထွတ်အမြတ် အဆောက်အအုံကြီး ဖျက်ဆီးခံရမှု၏ အမှတ်ရဖွယ် အကောင်းဆုံး ပစ္စည်းလေးများ ဖြစ်ကြောင်း ဘိုင်ဂျော့စကီး က ဆိုသည်။ ယခု ဒင်္ဂါးများကြောင့် ဂျူးဘာသာရေးသည် အေဒီ သက္ကရာဇ်များ၏ ပထမဆုံး ရာစုနှစ်တွင်ပင် ဖျက်ဆီးခံခဲ့ရသည်ကို သက်သေပြနိုင်ခဲ့ကြောင်း ပညာရှင်များက ပြောဆိုသွားခဲ့သည်။

ဘိုင်ဂျော့စကီး နှင့် အဖွဲ့သည် အယ်အက်ဆာ ဘုရားကျောင်း နေရာဟောင်း အနီးတဝိုက်ကို တူးဖော်မှုများ ပြုလုပ်ရာမှ ယခု ဒင်္ဂါးများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here