ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား ဘဏ်တိုက်ဖွင့်ရန် အီရန် အကြံပြု

alt

တ ကမာ္ဘလုံး ပါ၀င်နိုင်မည့် နျူကလီးယား စွမ်းအင် ဘဏ်တိုက် တခု ဖွင့်လှစ်ရန် အီရန်နိုင်ငံက အကြံပြု လိုက်သည်။ အမေရိကန် အပါအဝင် တကမာ္ဘလုံးက အီရန် နိုင်ငံ၏

နျူကလီးယား မူဝါဒအတွက် စိုးရိမ် နေပြီး လက်နက်များ ထုတ်လုပ်မည်ကို ထိတ်လန့် နေချိန်တွင် အီရန် သမ္မတ မာမွတ် အာမက် ဒီနီဂျက် က ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာ (၁၁)ရက် နေ့က တဟီရန် မြို့တော်ရှိ သမ္မတက နိုင်ငံတကာ နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း တခုကို ဖော်ဆောင် ဖြစ်ပါက အီရန်သည် တက်ကြွစွာ ပါ၀င်မည်ဟု ပြောကြားခဲ့သည်။

အီရန်သည် အနောက်ဘက် အင်အားကြီး နိုင်ငံများနှင့် ယူရေနီယမ် သိုလှောင်မှု အတွက် အကြီးအကျယ် သဘောထား ကွဲလွဲ နေဆဲဖြစ်သည်။ အီရန်က မိမိတို့သည် နျူကလီးယား စွမ်းအင်ကို လက်နက် ထုတ်လုပ်ရန် မရည်ရွယ်ဘဲ စွမ်းအင်ကဏ္ဍ အတွက် အသုံးချမည်ဟု တွင်တွင် ပြောကြားနေဆဲ ဖြစ်သည်။

ကမာ္ဘ့ ကုလသမဂ္ဂ အဖွဲ့ကမူ အီရန်နိုင်ငံ၏ ယူရေနီယမ် ကြွယ်ဝမှု ပမာဏကို အတိအကျ ဖော်ထုတ်ရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် ကုလသမဂ္ဂ အဖွဲ့ကြီးသည်လည်း ကမာ္ဘ့နိုင်ငံတိုင်း၏ နျူကလီးယား ပိုင်ဆိုင်မှု အသေးစိတ်ကို တိတိကျကျ သိရှိခွင့်ရရန် နျူကလီးယား ဘဏ်တခု ထူထောင်ရေး အတွက် အဆိုပြု ထောက်ခံခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here