အူ အတွင်းမှ ဘက်တီးရီးယား ပိုးကြောင့် ဝဖြိုးမှုဖြစ်စေ

alt

အူအတွင်း ရှင်သန် နေထိုင်သည့် ဘက်တီးရီးယား တမျိုးက ၀ဖြိုးမှုကို ဖြစ်စေကြောင်း ပညာရှင် များက ဖော်ထုတ် တွေ့ရှိလာခဲ့ရပြီ ဖြစ်သည်။

၎င်း ဘက်တီးရီးယားသည် အဆီများ၊ အချိုများသော အစားအစာ များမှ အာဟာရကို သိုလှောင် ထားလေ့ ရှိသည်ဟု သိရှိရပြီး အကျိုးဆက် အနေနှင့် ခန္ဓာကိုယ် အလေးချိန် ပိုတိုးလာမည် ဖြစ်ပြီး ထိုအလေးချိန် ပြန်ကျရန်မှာလည်း ပိုမိုခက်ခဲလာမည် ဖြစ်သည်။

ကြွက်များတွင် လေ့လာ တွေ့ရှိမှုအရ ယင်း ဘက်တီးရီးယား မျိုးသည် ၀ဖြိုးမှုနှင့် ဆက်စပ်နေစေကြောင်း ၀ါရှင်တန် တက္ကသိုလ်မှ ဒေါက်တာဂျက်ဖရီ ဂေါ်ဒွန် က ဆိုသည်။ အများအားဖြင့် ၀ရခြင်းမှာ မျိုးဗီဇ၊ ကာယလှုပ်ရှားမှု အခြေအနေ၊ ပတ်ဝန်းကျင် အနေအထားစသည့် အချက် အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ယခု တွေ့ရှိသော ဘက်တီးရီးယား မှာလည်း ယင်း အချက်များအနက် အပါအဝင် တခု ဖြစ်လာကြောင်း သိရှိရသည်။

လူ အများအနေနှင့် အာဟာရပြုမှု အခန်းကဏ္ဍတွင် ယင်း ဘက်တီးရီးယားများကို အတိုင်းအတာ တခုအထိ မှီခို နေရကြောင်းလည်း ဒေါက်တာဂေါ်ဒွန်က ပြောကြားခဲ့သည်။ အများအားဖြင့် ဘက်တီးရီးယား တိုင်း၏ (၉၀)ရာခိုင်နှုန်း မျှသည် Bacteroidetes နှင့် Firmicutes ဟူ၍ အပိုင်းနှစ်ပိုင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။

ဂေါ်ဒွန် နှင့်အတူ သုတေသန ပြုလုပ်ခဲ့သည့် ဘွဲ့လွန်ကျောင်းသား ပီတာ တန်းဘော့ က Firmicutes များသည် အစာချေမှုကို ပိုမို အားပေးကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် လူသားတဦးထံမှ ယင်း ဘက်တီးရီးယားများကို ကြွက်တကောင်ထံ ကူးပြောင်း မွေးမြူကြည့်ခဲ့ကြောင်း၊ ပုံမှန်အတိုင်း အစာကျွေးမှုများ ပြုလုပ်ခဲ့ရာ ယင်းကြွက်သည် တလအတွင်း သိသိသာသာ ထွားကျိုင်း ၀ဖြိုးလာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here