ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာ နိုင်ငံ၌ ဖျားနာနေဟု ဆို

alt

များ မကြာသေးမီက ဋ္ဌာနေ တမီလ် ကျားသူပုန် များအား အပြီးသတ် နှိမ်နှင်း နိုင်ခဲ့သော သီရိလင်္ကာ သမ္မတ မစ္စတာ မဟင်ဒါ ရာဂျာပတ်ခ်စာ က အလည်အပတ် ဖိတ်ကြား ခဲ့ခြင်းကြောင့်

သီရိလင်္ကာ နိုင်ငံရှိ ကန္ဒီ ဗုဒ္ဓ စွယ်တော်ဖူးရင်း သီရိလင်္ကာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များကို ချေမှုန်းရာတွင် အတွေ့အကြုံတွေ ဖလှယ်မည်ဟု နာမည်ကြီးနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဖျားနာ နေသဖြင့် ကန္ဒီရှိ သမ္မတ အိမ်တော်သို့ ဆေးကုသမှု အဖွဲ့တစု အလျှင်အမြန် စေလွှတ် လိုက်ရသည်ဟု ယနေ့ ညနေထုတ် သီရိလင်္ကာ သတင်းစာ များတွင် ဖေါ်ပြထားသည်။

သီရိလင်္ကာ သမ္မတမှ သေနတ် ၂၁ချက် ဖေါက်ကာ ကော်ဇောနီ ခင်းကြိုဆိုခဲ့သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သီရိလင်္ကာ ကျွန်းနိုင်ငံသို့ ရောက်ရှိသော နေ့ခင်း၌ကပင် ဗိုက်နာနေခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဆရာဝန် ၂ဦးနှင့် သူနာပြု ၂ဦးတို့အား ကန္ဒီ အထွေထွေ ဆေးရုံမှ ဗိုလ်ချုပ်မှူးကြီး တည်းခိုနေသော ကန္ဒီရှိ သမ္မတ အိမ်တော်သို့ အလျှင်အမြန် စေလွှတ်လိုက်ပြီး မနက်ဖန်တွင် စွယ်တော်ဖူး မျှော်ကာ ဘာသာရေး အခမ်းအနား တခုသို့ တက်ရောက်မည်ဟု ကိုလံဘိုမှ လာသော သီရိလင်္ကာ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here