မြန်မာ အက္ခရာသုံး ဒိုမိန်း ထွက်ပြီ

alt

ကိုရီးယားနိုင်ငံ ဆိုလ်း မြို့တွင် ကျင်းပ သော အင်တာနက် ဆိုင်ရာ အမည်နှင့် နံပါတ်များ ခွဲရေးအဖွဲ့ ၏ အောက်တိုဘာ ၂၆  ရက်မှ ၃၀ ရက်ထိ ကျင်းပခဲ့သော အစည်းဝေး က အတည် ပြု ပေးလိုက်သည့် မိခင် ဘာသာဖြင့်

ရေးသား နိုင်သော အင်တာနက် လိပ်စာများ (Uniform Resource Locator, previously Universal Resource Locator) တွင် ယူနီကုဒ်စံ သတ်မှတ်ချက်ကို လိုက်နာထားသည့် မြန်မာ အက္ခရာများကို စတင် သုံးစွဲနိုင်ပြီဟု မြန်မာစာ သုံး ဒိုမိန်းများ အတွက် ဝန်ဆောင်ပေးနေသည့် ကနောင် ဝဘ်ဒီဇိုင်း (http://kanaung.com) မှ အတည်ပြု ပြောဆိုခဲ့သည်။

ပထမဆုံး မြန်မာစာသုံး ဒိုမိန်း လိပ်စာ (Uniform Resource Locator, previously Universal Resource Locator) အဖြစ် ဧရာမြန်မာ ယူနီကုဒ် အင်တာနက် စာမျက်နှာ အတွက် http://www.ဧရာ.com ကို စတင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တခြားသော စံများနှင့်လည်း ကိုက်ညီသည့် ဒိုမိန်း လိပ်စာများ အတွက်လည်း ဝယ်ယူ စုဆောင်း ထားကြောင်းလဲ သိရှိရသည်။

လက်ရှိ အခြေအနေတွင် ယူနီကုဒ် ဗားရှင်းများ အလိုက် သတ်မှတ်ထားသော စံကို လိုက်နာကျင်သုံး ထားသည့် မြန်မာ အက္ခရာများ နှင့် ယူနီကုဒ် စံ၏ တစိတ်တပိုင်းကို လိုက်နာထားသည့် de facto standard ဇော်ဂျီ စာလုံးများကြားတွင် မိမိအသုံးပြုမည့် လိပ်စာအား မည်သည့် standard၊ မည်သည့် de facto standard သုံး အက္ခရာဖြင့် ဝယ်ယူမည်ကို အဓိကထား စဉ်းစားရမည့် အချက်ဖြစ်ကြောင်း၊ သို့မှသာ သုံးစွဲသူများ အနေဖြင့် အဆင်ပြေမည် ဖြစ်ကြောင်းသိရှိရသည်။

http://www.ဧရာ.com ကို မည်သည့် စာလုံး စံနစ်ဖြင့် ရေးသားထားသည် ဖြစ်ပါစေ အဆင်ပြေမည် ဖြစ်သော်လည်း၊ မဇိ္ဈမ ဟူသော စကားလုံးအား de facto standard သုံး ဇော်ဂျီ ရေးသားပါက တမျိုးဖြစ်မည် ဖြစ်ပြီး၊ တခြားသော standard အတိုင်း ရေးသားပါက နောက်တမျိုးဖြစ်မည် ဖြစ်သောကြောင့် သုံးစွဲမည့်သူအတွက် များစွား အနှောင့်အယှက် ဖြစ်လာမည်သာ ဖြစ်သည်။

သို့အတွက် နိုင်ငံတကာ အသိအမှတ် ပြုထားသော စံအတိုင်း ရေးသားထားသော အက္ခရာ များကို သုံးစွဲလာပါက နောက်တွင် ပိုမို အဆင်ပြေ လာမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ လောလောဆယ်တွင် မြန်မာ အက္ခရာများကို .com .net များဖြင့် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း၊ .org အား ရောင်းချခြင်း မရှိသေးကြောင်း သိရှိရသည်။

လက်ရှိ အခြေအနေတွင် သုံးစွဲသူများ အနေဖြင့် http://www.ဧရာ.com ရိုက်ပြီး သွားရောက်နိုင်ပြီ ဖြစ်သော်လည်း၊ ဧရာမြန်မာ ယူနီကုဒ် စာမျက်နှာကို ရောက်သွားပါက http://www.xn--fjdxq.com/ သို့ ပြောင်းလဲသွားအောင် လုပ်ဆောင် ထားသည် ကို တွေ့ရှိရမည်။

xn--fjdxq ကို ဧရာ ဟု နည်းပညာအရ အသိအမှတ် ပြုထားပြန်သည် ကိုလည်း တွေ့ရှိရသည်။ ဆာဗာ ထိုင်ထားသည့် ဒိုမိန်းအမည် စံနစ် Domain Name System (DNS) အား မိခင် ဘာသာ စကားသုံး အက္ခရာများ ဖြစ်ရန်ကိုမှု ၂၀၁၀ စောင့်ဆိုင်းရန် လိုကြောင်း သိရှိရသည်။

alt
alt
alt

LEAVE A REPLY

Please enter your comment!
Please enter your name here