ကမာ္ဘ့ ပထမဆုံး iPhone ဗိုင်ရပ်စ် ထည့်သွင်း ဖန်တီးနိုင်သူ ထွက်ပေါ်လာ

alt

ဩစတြေးလျ နိုင်ငံမှ အသက် (၂၁)နှစ် အရွယ် လူငယ်လေး တဦးက ၎င်းသည် iPhone အား ထိုးဖောက်ကာ Virus တမျိုး ထည့်သွင်းနိုင်သည့် ပထမဆုံး Hacker ဖြစ်လာကြောင်း ၀န်ခံ လိုက်သည်။

ယင်း Virus သည် ဖုန်းတလုံးတွင် ကူးစက်ခံရပါက ယင်းဖုန်း မှတဆင့် ခေါ်ဆိုသော အခြား iPhone တိုင်းသို့ ပျံ့နှံ့သွားမည် ဖြစ်ကြောင်း ဆစ်ဒနီရှိ ကျောင်းသားလေး အက်ရှလေတောင်း က ပြောကြားခဲ့သည်။

၎င်း ဖန်တီးထားသော Virus သည် ဖုန်းအား ကြီးကြီးမားမား ပျက်စီးစေမည် မဟုတ်သော်လည်း ဖုန်း၏ Wallpaper တွင် ၎င်း အလွန် နှစ်သက်သည့် Pop အဆိုတော် ရစ်အက်စတလီ၏ ပုံကို အလိုအလျှောက် ပြောင်းသွား စေမည်ဟု အက်ရှလေက ပြောကြားခဲ့သည်။

အက်ရှလေ က ယခုကဲ့သို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖျက်စီးလိုသော သဘောမပါဘဲ လူတိုင်းလူတိုင်း iPhone ကို အလွယ်တကူ Hack နိုင်သည်ကို သတိပေး လိုသဖြင့်သာ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆို သွားသည်။

ထို့အပြင် ယခ ုVirus သည် လူအများစုက Password ပြောင်းရန် အပျင်းထူ နေခြင်းကို အခွင့်ကောင်းယူကာ ပိုမို ပျံ့နှံ့နိုင်ကြောင်း ရှင်းပြ ခဲ့သည်။ အက်ရှလေ၏ Virus သည် iPhone တမျိုးထဲတွင်သာ ကူးစက်နိုင်ပြီး ပိုင်ရှင်များက Apple ၏ ခွင့်ပြုချက် မပါဘဲ Application များ ထည့်သွင်းနိုင်ရန် Jailbreak ပြုလုပ်ထားသည့် ဖုန်းများတွင် ကူးစက်ခြင်း ဖြစ်သည်။

အက်ရှလေ က လူတဦးသည် iPhone ကို Jailbreak လုပ်ပြီးပါက Password ကို ပြောင်းပစ်သင့်ကြောင်း အကြံပြုခဲ့ပြီး Default Setting အရ iPhone သည် Jailbreak ပြုလုပ်ပြီးချိန်တွင် Password တမျိုးထဲကိုသာ မှတ်သားထားသဖြင့် ထိုးဖောက်ရန် အလွန် လွယ်ကူကြောင်း ထောက်ပြသွားခဲ့သည်။

အက်ရှလေ က မိမိ၏ Virus သည် လူအများကို နစ်နာရန် မရည်ရွယ်ဘဲ ပျော်ရွှင်စေရုံ သက်သက်အတွက် ဖန်တီးထားခြင်း ဟုလည်း ၀န်ခံ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here