မာရီလင်မွန်ရိုး Tattoo ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် သတိပေးနေရတဲ့ မီဂန်းဖောက်စ်

alt

မိမိ ခန္ဓာကိုယ်မှ မာရီလင် မွန်ရိုး၏ပုံ Tattoo ကို ကြည့်မိတိုင်း ဟောလီးဝုဒ် တွင် ရပ်တည်ရန် ခက်ခဲသည် ကို ကိုယ့်ကိုကိုယ် သတိပေး နေမိကြောင်း မီဂန်းဖော့က်စ် က ပြောကြား လိုက်သည်။

အသက် (၂၄)နှစ်ရှိ Transformers စတား မင်းသမီးလေးက သူမသည် မွန်ရိုးကို အလွန်အားကျပြီး နှစ်သက်သူ ဖြစ်သဖြင့် သူမ၏ လက်တွင် မွန်ရိုးပုံကို ရေးထိုးထားခြင်းဟု ဆိုသည်။

သူမ သည် မွန်ရိုးကို လေးစားကြောင်း၊ သို့သော်လည်း မွန်ရိုး ကဲ့သို့ ဘဝကို အရှုံးမပေးမိရန် ကိုယ့်ကိုကိုယ် အမြဲ သတိပေးနေ ရကြောင်း၊ ကိုယ်ပေါ်မှ Tattoo သည် ထို အခြေအနေအား အမြဲတမ်း မှတ်မှတ်ထင်ထင် ရှိနေ စေသည့် အမှတ် လက္ခဏာလည်း ဖြစ်ကြောင်း ဖော့က်စ်က ပြောဆို သွားခဲ့သည်။

မွန်ရိုးသည် သူမ ဘဝအတွက် အကောင်း ရော၊ အဆိုးကိုပါ ညွှန်ပြနေသူ ဖြစ်ကြောင်း ဖော့က်စ်က ပြောကြားခဲ့သည်။ ဖော့က်စ်သည် ကမာ္ဘပေါ်တွင် Sexy အဖြစ်ဆုံး အမျိုးသမီး တဦးအဖြစ် သတ်မှတ် ခံထားရသည့် အတိုင်း ဇာတ်ကားများတွင် Sex နှင့်ဆိုင်သော ဇာတ်ဝင်ခန်းများ မရိုက်ကူးဘဲ ရှောင်ကြဉ်လေ့ ရှိခြင်းမှာ သူမ၏ အမျိုးသမီးဘဝကို တန်ဖိုးထားခြင်းကြောင့် ဖြစ်ကြောင်း ဂျာမနီထုတ် Bunte မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မိန်းကလေး တဦးသည် အရှက်တရားနှင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်မှု အလွန် လိုအပ်ကြောင်း ဖော့က်စ်က သုံးသပ်ခဲ့သည်။

လူအများ၏ အမြင်တွင် Sex နှင့် ပတ်သက်သော အခန်းများ၌ အမျိုးသားများ သရုပ်ဆောင် နေခြင်းမှာ မည်သို့မျှ မထူးလှသော်လည်း အမျိုးသမီးများ အတွက်မူ အထင်သေးမှုကို ခံရနိုင်ကြောင်း ဖော့က်စ်က သူမ၏အမြင်ကို ထုတ်ဖော်ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here