အီတလီ အသင်းကို ကူညီရန် ဘောလုံး လောကသို့ မာဒီနီ ပြန်လည်ရောက်ရှိ လာနိုင်

alt

အသင်းကို ကူညီရန်အတွက် ဘောလုံး လောကထဲ ပြန်ရောက် လာနိုင်ကြောင်း ပေါ်လို မာဒီနီက ပြောကြား လိုက်သည်။

အသက် (၄၀)အရွယ် အီတလီ လက်ရွေးစင်ဟောင်း ခံစစ်မှူးကြီးသည် ပြီးခဲ့သည့် ဘောလုံးရာသီ ကုန်ဆုံးချိန်က ဘောလုံး လောကမှ အပြီးအနားယူ လိုက်သူ ဖြစ်သည်။

သို့သော်လည်း အသင်းဟောင်း အေစီမီလန်၏ ရုန်းကန်နေရသော အခြေအနေ များက မိမိအား ဘောလုံး လောကထဲ ပြန်လည် ရောက်ရှိ လာအောင် တွန်းအား ပေးနေကြောင်း မာဒီနီက ပြောဆိုလိုက်သည်။

၎င်းသည် မီလန် အခြေစိုက် အသင်းကြီးသို့ ဒါရိုက်တာ ရာထူးဖြင့် ပြန်ရောက် လာနိုင်ကြောင်း သတင်းများက ဆိုသည်။ မိမိသည် ရာထူးမျိုးစုံ အတွက် ကလပ်အသင်း များထံမှ ကမ်းလှမ်းမှုများကို ရရှိခဲ့ကြောင်း၊ သို့သော်လည်း စိတ်ထဲတွင် မီလန်ကိုသာ နေရာပေးထားကြောင်း အသင်းနှင့်အတူ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကစားခဲ့သည့် မီလန် ကပ္ပတိန်ဟောင်းက ဆိုသည်။

မာဒီနီက အေစီမီလန်သည် လက်ရှိအချိန်တွင် ပြဿနာများ ကြံုနေရသော်လည်း အတောင့်တင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိလာမည်ဟု ယုံကြည်ထားကြောင်း ပြောဆိုသွားသည်။ ၎င်းက မီလန် အနေနှင့် ဥရောပတွင် အောင်မြင်မှု ရရှိနိုင်ရန်မူ မလွယ်သေးကြောင်းလည်း ၀န်ခံ သွားသည်။

ဥရောပ ချန်ပီယံလိဂ်တွင် လက်ရှိ ချန်ပီယံ ဘာစီလိုနာ နှင့် ၎င်း၏သူငယ်ချင်း ကာလို အန်ဆယ်လော့တီ နည်းပြနေသည့် ချဲလ်ဆီး အသင်းများသာ အောင်ပန်းဆင်နိုင်မည်ဟု ယုံကြည်မိကြောင်းလည်း မာဒီနီက ခန့်မှန်း သုံးသပ်သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here